A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Passion Trailer
Watch

Passion

115 min

Country: Japan

Director: Ryûsuke Hamaguchi

Actors: Aoba KawaiFusako UrabeKiyohiko ShibukawaNao OkabeRyuta OkamotoYue

Genres: Drama, Romance

0/ 5 0 votes
Movie plot

Passion: “ရုပ်ရှင်တွေအားလုံးဟာ တစ်ချိန်တည်းမှာ ဖစ်ရှင်လည်းဆန် ဒိုကူမန်ထရီလည်းဖြစ်နေကြတယ်။ ဒိုကူမန်ထရီသန့်သန့်ဆိုတာလည်း မရှိသလို ဖစ်ရှင်သန့်သန့်ဆိုတာလည်း မရှိဘူး”လို့ ရူဆုခဲဟမဂုချိက ပြောဖူးတယ်။
Passion ( 2008 )ဟာလည်း ကျွန်တော်တို့ဘဝထဲရှိနေတဲ့ ဖစ်ရှင်တစ်ခုလို့ပြောရမလားပဲ။ သူ့ကိုယ်ပိုင်ပွဲဦးထွက်ရုပ်ရှင်လို့ပြောလည်းရတယ်။
ဒီမတိုင်ခင် ၂၀၀၇က ထွက်ခဲ့တဲ့ သူ့ပွဲဦးထွက်အစစ် Solarisက သူ့ဆရာ ခိရိုရှိကူရိုဆာဝါရဲ့ စီမံပေးမှုနဲ့ တာကော့စကီးရဲ့ ဆိုလာရစ်ကို ပြန်ရိုက်ထားတာဆိုတော့ ဒါကို ကျွန်တော်တော့ ထည့်မတွက်ချင်ဘူး။
သေချာတာတော့ ဟမဂုချိဟာ ပွဲဦးထွက်မှာတင် တော်တော်ကြမ်းခဲ့ပါတယ်။ Passion ( 2008 )ဟာလည်း သူ့ထုံးစံအတိုင်းပဲ လူ့အတွင်းစိတ်ရဲ့ မရေရာခြင်း ဝေဝါးခြင်းတွေကို မြင်သာထင်သာရှိအောင် ပြထားတဲ့ ရုပ်ရှင်ပါပဲ။သူ့ဇာတ်က ရှင်းရှင်းလေး‌တော့ ရှင်းရှင်းလေး။ သူငယ်ချင်းတစ်အုပ်ရှိတယ်။ ကောင်လေးသုံးယောက်ပေါ့။ ကောင်မလေး၂ယောက်လည်းပါမယ်လို့ ယူဆရတယ်။
အဲဒီအုပ်ထဲက ကောင်လေးနဲ့ကောင်မလေးတစ်တွဲက အတူတူနေနေတဲ့အတွဲတွေ။ နောက်သူငယ်ချင်းကောင်လေးက အိမ်ထောင်ရှိတယ်။ ကလေးလည်းမွေးတော့မယ်။
နောက်သူငယ်ချင်းကောင်လေးကတော့ လူလွတ်။ လူလွတ်ကောင်လေးက ခုနအတွဲထဲက ကောင်မလေးကို တစ်ဖက်သတ်ချစ်နေတာ တော်တော်ကြာပြီ။ရုပ်ရှင်ဟာ သူတို့သူငယ်ချင်းတစ်အုပ် ဆုံဖြစ်ကြတာနဲ့စတယ်။ ညနက်လာတော့ မိန်းကလေးတွေကို ပြန်ပို့လိုက်ပြီး ယောက်ျားလေးတွေချည်းနေခဲ့ကြတယ်။
တစ်ကောင်က သူတို့သူငယ်ချင်းထဲက မလာဖြစ်တဲ့ ကောင်မလေးတစ်ယောက်အိမ်ကို သွားကြမယ်ပြောတယ်။ အဲဒီကောင်မလေးကလည်း လူလွတ်ပဲ။
အဲဒီလူလွတ်ကောင်မလေးနဲ့ ခုနလူလွတ်ကောင်လေးက အိပ်ဖူးတယ်။ လူလွတ်ကောင်လေးကတော့ သူ့ကို မချစ်ဘူး။ မချစ်ဘဲ အိပ်တယ်ပေါ့။ ဒီတော့ သူတို့ သူ့အိမ်ကိုသွားကြတယ်။
သူတို့သုံးယောက်အိမ်ကိုရောက်တော့ လူလွတ်ကောင်မလေးအကြောင်းသိရတာက ကောင်မလေးက သူ့အဒေါ်အိမ်မှာနေနေတာ။ သူ့အဒေါ်က နာမည်ကြီးစာရေးဆရာမ
ဒါပေမဲ့ ဒီအိမ်ကို သူ့ကြောင်လေးအတွက် ဆက်ထားထားတာ။ သူကကြောင်လေးကိုကြည့်ပေးရင်း အလကားနေနေတာ။ သူတို့သွားတဲ့နေ့မတိုင်ခင်တုန်းက ကြောင်လေးက သေသွားတယ်။
အဲဒီအကြောင်းပြောရင်း ကြောင်လေးအတွက် အရက်သောက်နေတုန်း သူ့အဒေါ်စာရေးဆရာမက သူ့ကြောင်လေးအတွက် ရတက်မအေးလို့ ရောက်ချလာတယ်။
ဒီမှာ အိမ်ထောင်သည်ကောင်နဲ့ သူ့အဒေါ်နဲ့ ဇာတ်လမ်းဖြစ်ကြတယ်။ နောက်ပိုင်းလည်း အတွဲရှိတဲ့ကောင်လေးနဲ့ အဲဒီအိမ်က ကောင်မလေးနဲ့ဖြစ်ကြတယ်။ ဒီတစ်ကားလုံး ဒီလိုဖြစ်နေတာတွေချည်းပြသွားတယ်။နောက်ဆုံး လူလွတ်ကောင်မလေးရယ်။ ရည်းစားရှိတဲ့ကောင်လေးရယ်။ အိမ်ထောင်ရှိတဲ့ကောင်လေးရယ်။ သုံးယောက်သား တစ်ခုမှမလိမ်ဘဲ အမှန်တွေချည်း တစ်နာရီပြောကြမယ်ဆိုပြီး ဂိမ်းဆော့ကြတယ်။
ဒီတစ်ကားလုံးရဲ့ အဓိကနေရာလို့ပြောလည်းရတယ်။ အဲဒီကစားပွဲကို စတဲ့ ရည်းစားရှိတဲ့ကောင်လေးကတော့ သူဘယ်လိုလူလဲ သူ့ကိုယ်သူမသိနေလို့ ။ သူဘယ်လိုလူလဲ အဖြေရှာဖို့ ဒီကစားနည်းကို ကစားတာလို့ပြောတယ်။
တကယ်လည်းဟုတ်တယ်။ သူတို့အားလုံးမှာ တူညီနေတဲ့အချက်က သူတို့ဘာဖြစ်ချင်လည်း သူတို့မသိနေကြဘူး။ ဒါကြောင့်မို့ သူတို့ဘာဖြစ်ချင်လဲ သူတို့တောင်မသိတာမို့ သူတို့လုပ်သမျှကလည်း အရမ်းရှုပ်ထွေးလွန်းနေခဲ့တယ်။
သူတို့ကိုယ်သူတို့တောင် လုံးစေ့ပတ်စေ့နားလည်နေမှာမဟုတ်ဘူး။ ဒီပြဿနာမျိုးကို ဒီလိုပွိုင့်ကပြတဲ့ ရုပ်ရှင်ကို ကျွန်တော်မမြင်ဖူးဘူးလို့ပဲ ပြောရမယ်။
ကိုယ်တိုင်လည်း ဒီလိုကိစ္စမျိုး ကြုံဖူးတော့ သူပြောသွားသမျှ ပြသွားသမျှဟာ ဟုတ်တော့ဟုတ်နေတာကိုလည်း ခံစားမိနေတယ်။
ဒါပေမဲ့ ဟမဂုချိရုပ်ရှင်အများစုလိုပဲ သူတို့အတွက် အဖြေမရှိပါဘူး။
သူတို့ဘယ်သူတွေလဲ သူတို့သေချာမသိသွားကြသလို ကျွန်တော်တို့ မြင်ရတာလည်း တော်တော်ဝေဝါးတယ်။
ဒါလည်းလက်တွေ့တောာ့ကျပါတယ်။ဒီဇာတ်ကောင်သုံးကောင်ပြင်ပက နောက်ထပ် အဓိကဇာတ်ကောင်၂ကောင်ဖြစ်တဲ့ လူလွတ်ကောင်လေးနဲ့ ခုနအတူတူနေနေတဲ့အတွဲက ကောင်မလေး နှစ်ယောက်ကလည်းတူတယ်။
သူတို့က ခုနပုစ္စာရဲ့ အဖြေလို့တော့ ပြောချင်လည်း ပြောလို့ရပေမဲ့ ကျွန်တော်တော့မထင်ဘူး။
သူတို့၂ယောက်ကိုက ခုနတစ်အုပ်နဲ့မတူတဲ့ တခြားလူတစ်အုပ်အဖြစ် မြင်နေရတယ်။
ကိုယ်ဘာဖြစ်ချင်လဲ ကိုယ်သိနေတဲ့လူတွေပေါ့။ သေချာသိတယ်လို့တော့ မသုံးနှုန်းချင်ဘူး။
လူလွတ်ကောင်လေးက ဟိုအတွဲက ကောင်မလေးကိုချစ်သလို အဲဒီအတွဲက ကောင်မလေးကလည်း သူ့ကောင်လေး ဖောက်ပြန်နေတာကို သိသိရက်နဲ့တောင် ခွင့်လွှတ်ပေးနိုင်တဲ့အထိ ချစ်တယ်။
ဒီတော့ သူတို့ကတော့ လုံးဝရိုးရှင်းတယ်။ သူတို့ချစ်ရမယ့်သူကိုပဲ ဘာာဖြစ်ဖြစ် ချစ်နေကြတဲ့သူတွေပဲ။ဒီရုပ်ရှင်ဟာ ဘာရုပ်ရှင်လဲဆို ဒီလူအုပ်စု၂မျိုုးလို့ပြောရမလား လူ့စိတ်အခြေအနေ၂မျိုးလို့ပြောရမလား ခံစားချက်၂မျိုးလို့တော့ပြောရမလားမသိတဲ့ အဲဒီ၂မျိုးကို တစ်ပေါင်းတည်း Presentationလုပ်ထားတဲ့ ရုပ်ရှင်ပါပဲ။
ဒီလောက်ဇာတ်ရှုပ်နေတာက ဖစ်ရှင်ဖြစ်ပြီး သူတို့စိတ်အခြေအနေတွေက လက်တွေ့ကျနေတယ်။ ဟမဂုချိပြောသလို ရုပ်ရှင်ဟာ ဖစ်ရှင်ရော ဒိုကူရော ပေါင်းစပ်ထားတဲ့အရာဆိုသလိုပေါ့။
ဘဝမှာ အချစ်ရေးနဲ့ပတ်သက်ပြီး ကိုယ်ဘာဖြစ်ချင်လဲ ကိုယ့်ဘာသာတောင် နားမလည်နိုင်တဲ့ အခြေအနေမျိုး ကြုံခဲ့ဖူးရင် ကြုံနေရရင် ကြည့်ကြည့်ပေါ့။
နောင်တတရားနဲ့ တစ်လမ်းတည်းမသွားမိသရွေ့တော့ အားလုံးမမှားကြဘူး။အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။

A young couple announces their wedding at a party with friends. The reactions of the latter reveal hitherto unexpressed sentimental flaws within the group. The following days, the tension rises to the surface.

Show more...