A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Out: High & Low ဇာတ်ကားတွေတို့ Tokyo Revenger တို့လို ကျောင်းသားလူမိုက်ဂိုဏ်းကားတွေ ကြိုက်ရင် သဘောကျမယ့်ကားလေးပါ။ တဆူယာဆိုတဲ့ကောင်က ငဖိုက်၊ ဖိုက်တာမှ ရဲတွေပါ ပြန်ဖိုက်လို့ ထိန်းသိမ်းရေးစခန်းရောက်တယ်၊ အထဲမှာချတယ်၊ ချလို့ တိုက်ပိတ်ခံရတယ်၊ ပြန်ထွက်လာတယ်၊ ထွက်ထွက်ချင်း အပေါက်ရှေ့ ပြန်ဆော်လို့ အထဲ ပြန်ဝင်ရတယ်။ ဒီလိုနဲ့ တခြားမြို့က အဒေါ် ဦးလေးရှိတဲ့ အသားကင်ဆိုင်ကို သွားအလုပ်လုပ်ရရော။ တစ်ခုရှိတာက သူ့ ဂိုဏ်းကလူတွေနဲ့ အဆက်အသွယ်မလုပ်ရသလို နောက်ထပ် ငဖိုက်လုပ်လို့မရတော့ပါဘူး ထပ်ဖိုက်ရင် နှစ်အကြာကြီး ပြန်ဝင်ပြီး ခွေးဖြစ်မှာပါ။ ဒီလိုနဲ့ အသားကင်ဆိုင်လေးမှာ ဥနေတုန်း ဒီမြို့မှာ ဆိုင်ကယ်ဂိုဏ်းနဲ့ ပတ်သက်မိပြီး တခြားဂိုဏ်းတွေနဲ့ပါ ဇာတ်ရှုပ်လာတဲ့အခါမှာတော့ တဆူယာဆိုတဲ့ ငဖိုက်လေး ရန်မဖြစ်ပဲနေဖို့ ကတိပေးထားရာကနေ ဘယ်လို ဖြစ်မလဲဆိုတာတော့….။ဂျပန်ကားစတိုင် အော်ကြီးဟစ်ကျယ် ပြောဆို ဖိုက်ကြမယ်။ ဂျပန်ဂျပုမလေး တော်တော်ချောတယ်။ ဖိုက်တာကားဆိုပေမဲ့ ဟာသတွေပါပြီး ရယ်ရတယ်။ Manga အခြေခံဆိုတော့ ဇာတ်ကောင်တွေက ဆံပင်ကေတို့ ဇာတ်ရုပ်တွေတို့က သောက်တလွဲစတိုင်တွေနဲ့ လာမယ်။ ဒါပေမဲ့ သူ့ဟာနဲ့သူတော့ ကြည့်လို့ကောင်းနေတာ အမှန်ပါပဲ အထက်ကပြောသလို ဇာတ်ကားတွေ ကြိုက်တယ်ဆိုရင်တော့ ဘဝင်ခွေ့ဦးမှာ အသေချာပါပဲ။
( ဘာသာပြန်ပြီး အညွှန်း ရေးသားထားသူကတော့ Thura Aung ပါ )

Show more...