ဒီတစ်ကြိမ်တော့ ဒီမှာခဏခဏတောင်းဆိုကြလေ့ရှိတဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့ Orange (2015) ကို DVD ထွက်ထွက်ချင်းပဲ မြန်မာစာတန်းထိုး နဲ့ တင်ပေးလိုက်ပါတယ်။
Takano Ichigo ရေးသားတဲ့ မန်ဂဇာတ်လမ်းတွဲကို အခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ဂျပန်ပြည်တွင်းမှာ ပြသတုန်းကလည်း သူတို့ဆီမှာ Box office နံပါတ် ၁ ချိတ်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
တကမိယနဟို ဆိုတဲ့ ကောင်မလေးဟာ အထက်တန်း ဒုတိယနှစ် ကျောင်းစတက်ရတဲ့ နေ့မှာပဲ သူမ ဆီကို စာတစ်စောင်ရောက်ရှိလာပါတယ်။ ဆန်းတာက စာကိုပို့လိုက်သူကလည်း သူမ ကိုယ်တိုင်ဖြစ်ပြီး၊ “အနာဂတ် ၁၀ နှစ်အကြာ” က တကမိယနဟိုကိုယ်တိုင် ရေးလိုက်တာပါ လို့ အစချီထားတဲ့ ဒီစာလွှာမှာတော့ နဟို ကို သူ့တို့အတန်းဆီ ပြောင်းလာမယ့် ကျောင်းသားသစ် နရုဆဲကကဲရု အကြောင်း ရေးသားထားတာပါ။ နဟိုတစ်ယောက် အနာဂတ်ကအသေးစိတ်ရေးထားတဲ့ သတိပေးချက်တွေအတိုင်း ကကဲရု နဲ့ ပတ်သတ်တဲ့ ပြဿနာတွေကို အဖြေရှာနိုင်ပါ့မလား။ ဒါပေမယ့် နဟို တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ နဟိုတို့သူငယ်ချင်းအဖွဲ့က အတန်းထဲကိုပြောင်းလာကာစ ကကဲရု ကို နွေးထွေးရင်းနှီးစွာ ဆက်ဆံကြပြီး၊ ကကဲရု နဲ့ နဟို တို့ရဲ့ အနာဂတ်ကို ပြောင်းလဲပေးနိုင်ဖို့ အတူကြိုးစားကြမှာပါ။
ဒီဇာတ်လမ်းလေးရဲ့ ထူးခြားချက်ကတော့ ပုံမှန်တွေ့နေကျ Shoujo မန်ဂ အခြေခံဇာတ်လမ်းတွေလိုမျိုး ကောင်လေး နဲ့ ကောင်မလေး အချစ်ဇာတ်လမ်းသက်သက်ထက် သူငယ်ချင်းသံယောဇဉ်ကို အသားပေးတဲ့ မေတ္တာဘွဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်နေလို့ပါပဲ။ ဒီဇာတ်ကားမှာ ဒီကပရိသတ်တွေအသည်းကျော် မင်းသား Yamazaki Kento နဲ့ အဒ်မင်ရဲ့ အသည်းကျော်မင်းသမီး Tsuchiya Tao တို့ ခေါင်းဆောင်ပါဝင်ထားကြပါတယ်။
- Genre: Psychological, Romance, Sci-Fi, Youth
- Release:
- Duration: 139 min
- Country: JP
- Quality: 720P
watch movie Orange (2015) Live Action burmese sub, Orange (2015) Live Action မြန်မာစာတန်းထိုး, download Orange (2015) Live Action mm sub
Comment