A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
One in 89 Murderers
Watch

One in 89 Murderers

87 min

Country: China

Genres: Crime, Mystery, Thriller

0/ 5 0 votes
Movie plot

One in 89 Murderers: သူဌေးသားလေး မုံ့ယိယွမ်နဲ့ နာမည်ကြီးအစီအစဥ်တင်ဆက်သူချန်ပင်းတို့ လက်ထပ်ခါနီးမှာပဲ မုံ့ယိယွမ်တစ်ယောက်ပြန်ပေးဆွဲခံရပြီး သုံးလေးရက်အကြာမှာတော့မုံ့မိသားစုဆီကို ဗီဒီယိုတစ်ခုနဲ့အတူ ငွေညှစ်တဲ့ကိစ္စဖြစ်လာပါတယ်ဒါပေမဲ့ပြန်ပေးဆွဲထားတဲ့ဘက်ကို ငွေသွားပေးတဲ့အခါငွေကိုထားခဲ့ရပေမဲ့ မုံ့ယိယွမ်ကတော့ ပြန်ပေါ်မလာခဲ့ပါဘူး၃ ရက်ကြာတဲ့အခါ မြစ်ကမ်းဘေးမှာ လက်ပြတ်တစ်ခုတွေ့လို့ရဲဘက်က စစုံစမ်းတဲ့အခါမှ အဲဒီလက်ပြတ်က မုံ့ယိယွမ်ရဲ့လက်ဖြစ်နေခဲ့ပြီး ရဲဘက်ကနေ မုံ့ယိယွမ်သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်သဲလွန်စတွေ စုံစမ်းကြတဲ့အခါ မုံ့ယိယွမ်နဲ့ ဖောက်ပြန်နေတဲ့ စူးရှောင်ချင်ရယ်စူးရှောင်ချင်ရဲ့ ရည်းစားဟောင်းဖြစ်သူ ချန်ကျစ်တို့ပါဒီအမှုနဲ့ ပတ်သက်နေပေမဲ့ ရဲဘက်က စစ်ဆေးလိုက်တဲ့အခါအမှုကွင်းဆက်က မုံ့ယိယွမ်ရဲ့ ဇနီးလောင်းချန်ပင်းကိုပဲ ညွှန်ပြနေခဲ့ပါတယ်ဒါပေမဲ့ ချန်ပင်းနဲ့ စူးရှောင်ချင်ဟာ ရုပ်ချင်းတူနေတဲ့အခါမှာတော့…ဒီအမှုက အချစ်ကြောင့်ဖြစ်လာတဲ့ ရိုးရှင်းတဲ့ လူသတ်မှုလားဒါမှမဟုတ် နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေဦးမှာလဲဆိုတာရှုစားကြပါဦး

Show more...