အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

On Fire: ဒီဇာတ်ကားက သဘာဝဘေးအန္တရာယ်ဇာတ်လမ်းမျိုးတွေကို နှစ်သက်သူတွေ ကြည့်သင့်တဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမည်ဆိုရင် အဆုတ်ရောဂါကို ခံစားနေရတဲ့ဖခင် ၊ကိုယ်ဝန်ရှစ်လရှိပြီဖြစ်တဲ့ ဇနီးဖြစ်သူနဲ့ သားတစ်ယောက်တို့နဲ့ ဒေဗ့်တို့မိသားစုဟာ တောအုပ်ကလေးတစ်ခုအနီးက ကားအိမ်ကလေးမှာနေထိုင်ကြပါတယ်။ယောက္ခမဖြစ်သူဟာ အဆုတ်ရောဂါခံစားနေရသော်လည်း မကြာခဏဆေးလိပ်ခိုးသောက်တတ်သောကြောင့် ချွေးမဖြစ်သူနဲ့ သိပ်ပြီးအဆင်မပြေသည့်အပြင် ဆေးကုသစရိတ်တွေကြောင့်လည်း မိသားစု စီးပွါးရေးအကျပ်အတည်းကို ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။
ကမ္ဘာကြီး ပူနွေးလာမှုကြောင်း ကမ္ဘာတစ်ဝှမ်းမှာ တောမီးအကြီးအကျယ်လောင်ကျွမ်းမှုတွေ ဖြစ်ပွါးနေရာမှ သူတို့နေထိုင်ရာမြို့လေးဆိီသို့လည်း တောမီးအန္တရာယ်ရောက်လာသောအခါ သူတို့မိသားစု မီးဘေးအန္တရာယ်ကို ဘယ်လိုရင်ဆိုင်ကြမလဲ။ ဘေးလွတ်ရာကို အချိန်မီရွှေ့ပြောင်းနိုင်ပါမလား……စသည်ဖြင့် အခက်အခဲတွေကို ကျော်လွှားပုံကို ရင်တထိပ်ထိပ်နဲ့ ကြည့်ရမည့် ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

Show more...