A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

MaXXXine: နာမည်ကျော် ဟော်ရာ ရုပ်ရှင် နှစ်ခုဖြစ်တဲ့ Pearl နဲ့ X ရဲ့ အဆက်ဖြစ်တဲ့ MaXXXine လာပါပြီ။
လက်ရှိ ဟော်ရာအသစ်တွေထဲမှာ လက်စောင်းအထက်ဆုံးဖြစ်နေတာကတော့ ဒီသုံးကားနဲ့ Fear Street တွေပါပဲ။
ဟော်ရာကားကောင်းဆိုရင် ဒါတွေကို ကြည့်ဖြစ်အောင် ကြည့်သင့်ပါတယ်။
Pearl နဲ့ X မှာပါခဲ့တဲ့ လူသတ်သမား စုံတွဲကတော့ အမေရိကန် သမိုင်းမှာ
အသက်အကြီးဆုံး သေဒဏ်ကျတဲ့ ကွင်းဆက်လူသတ်သမား လင်မယား Ray and Faye Copeland အကြောင်းကို အခြေခံထားတာပါ။
အခု မက်ဆင်းကတော့ X မှာတုန်းက ပွဲကြမ်းခဲ့တဲ့ မက်ဆင်းတစ်ယောက် ဘာတွေ ဆက်ကြမ်းမလဲ ပြတာပါပဲ။
ဒါရိုက်တာကလည်း အရင် နှစ်ကားကို ရိုက်ခဲ့တဲ့ Ti West ပါပဲ။
မင်းသမီးကလည်း Mia Goth ပဲ ပြန်ပါထားပါတယ်။
Breaking Bad ထဲက ဆရာကြီး Giancarlo Esposito ကလည်း ဆရာကြီးအဖြစ် ပါဝင်ထားတုန်းပါပဲ။ဇာတ်လမ်းအကျဉ်းမက်ဆင်းဟာ ပုလဲလက်ကနေ လွတ်လာပြီး အပြာသရုပ်ဆောင်ဘဝကနေ ရုပ်ရှင်မင်းသမီးဖြစ်ဖို့ ကြိုးစားနေပါပြီ။
နာမည်ကျော် ဟော်ရာရုပ်ရှင်မှာ ပါဝင်ဖို့ အရွေးခံပြီးမှ အတိတ်က အမှုတွေအကြောင်း
အကုန်သိတဲ့ လူတစ်ယောက်ကလိုက်လာပြီး ရည်ရွယ်ချက် တစ်ခုနဲ့ နှောင့်ယှက်လာပါတယ်။
ဘဝမှာ လိုချင်တာရဖို့ ဘာမဆိုလုပ်ရတဲ့ မက်ဆင်းတစ်ယောက်
အတိတ်က ရန်သူတွေကို ဘယ်လို ပြန်ရင်ဆိုင်မလဲဆိုတာ ဒီရုပ်ရှင်မှာ တွေ့ရပါလိမ့်မယ်။
ထုံးစံအတိုင်း မလုံ့တလုံ၊ သွေးသံရဲရဲ တွေပဲမို့ ၁၈+ သတ်မှတ်ထားတာကိုတော့ သတိပြုကြပါ။

In 1980s Hollywood, adult film star and aspiring actress Maxine Minx finally gets her big break. But as a mysterious killer stalks the starlets of Hollywood, a trail of blood threatens to reveal her sinister past.

Show more...