MELBET
အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Kobane: ဖြစ်ရပ်မှန်စစ်ကားကောင်းတစ်ခု၂၀၁၁ဆီးရီးယားပြည်တွင်းစစ်ဖြစ်တဲ့အချိန်မှာ ကာ့ဒ်တွေကဒီမိုကရက်အင်အားစုဘက်တွေဘက်ကဝင်တိုက်ခဲ့ပြီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို မြောက်နဲ့အရှေ့ဆီးရီးယားမှာတည်ထောင်ခဲ့တယ်။ISIS ကတော့( အစ္စလာမ်နိုင်ငံ ဆီးရီးယားနဲ့ အီရတ်) ဖြစ်ပြီး ၂၀၀၃ ကတည်းကအီရတ်ကို အမေရိကန်နဲ့မဟာမိတ်တွေကိုကျူးကျော်ဝင်ရောက်တာကိုဆန့်ကျင်တာအတွက် ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး၂၀၁၁ ဆီးရီးယားပြည်တွင်းစစ်မှာပြန်
အားကောင်းလာတာဖြစ်တယ် ။ISISကကာလီဖိတ်နိုင်ငံထူထောင်ဖို့ အတွက်ရည်မှန်းလုပ်ဆောင်တယ်။
ဆီးရီးယားပြည်တွင်းစစ်ကအစမှာ အုပ်ချုပ်သူအစိုးရနဲ့အတိုက်အခံကြားကစစ်ပွဲ​ဖြစ်ပေမယ့်သမ္မတအာဆတ်အစိုးရတပ်တွေကိုအတိုက်အခံတပ်တွေ၊ကာ့ဒ်တပ်တွေISISတွေကဝိုင်းတိုက်ရုံမကပဲသူတို့အချင်းချင်းလည်းနယ်မြေတွေရအောင်တိုက်ခိုက်ရာကနေအခြေအနေတွေရှုပ်ထွေးလာတယ်။အစိုးရတပ်တွေကို ရုရှ အီရန်ကထောက်ပံ့ကူညပေးပြီး အတိုက်အခံတပ်တွေကို တူရကီ ဆော်ဒီ ပင်လယ်ကွေ့ နိုင်ငံတွေနဲ့အနောက်အုပ်စုနိုင်ငံတွေကထောက်ခံကူညီပေးတယ် ။ ကာ့ဒ်တပ်ဖွဲ့တွေကိုတော့ISISတွေကိုတိုက်ခိုက်ရာမှာအမေရိကန်ကလေကြောင်းပစ်ကူအပါထောက်ခံကူညီပေးပါတယ်။Kobane(2022)ဇတ်ကားကကာ့ဒ်စကားပြောရုပ်ရှင်တစ်ခုဖြစ်တယ်။Kobane မြို့ဟာ ဆီးရီးယားနိုင်ငံအတွင်းမှာရှိတဲ့ ကာ့ဒ်လူမျိုးစုတွေနေထိုင်တဲ့ တူရကီ ဆီးရီးယားနယ်စပ်မြို့လေးတစ်မြို့ဖြစ်တယ်။ ISIS တွေက ကျေးရွာ၃၅၀ နဲ့မြို့တွေကိုသိမ်းပိုက်ထားပြီး ၂၀၁၄အောက်တိုဘာမှာISISတပ်ကကိုဘိန်းမြို့ကိုဝင်ရောက်တိုက်ခိုက်တယ် ။မြို့ရဲ့ ၆၀%ကိုသိမ်းထားနိုင်ခဲ့တယ်။၂၀၁၅ ဇန်နဝါရီမှာ YPG( ကာ့ဒ်ပြည်သူ့
ကာကွယ်ရေးတပ်)ကကိုဘိန်းကိုပြန်သိမ်းနိုင်ခဲ့တယ်။ကိုဘိန်းတိုက်ပွဲဟာ သမိုင်းမှာအရေးပါတဲ့တိုက်ပွဲဖြစ်ပြီး အဲဒီကရတဲ့အောင်ပွဲကနေ ISISတွေသိမ်းထားတဲ့အခြားနယ်မြေတွေကိုပါစစ်ရေးအရပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ကာ့ဒ်အမျိုးသားအမျိုးသမီးတွေရဲ့ရဲစွမ်းသတ္တိ၊စွန့်လွှတ်စွန့်စားတွေ၊ရဲဘော်ရဲဘက်တွေမျက်စိရှေ့တင်ကျဆုံးရတာတွေအတွက်ခံစားရတာတွေစစ်ရဲ့အနိဌါရုံတွေပြည်သူတွေရဲ့ဒုက္ခတွေကိုတွေ့ရမှာဖြစ်တယ်။ကာ့ဒ်လူမျိုးတွေရဲ့ မျှော်လင့်ချက်မျှော်မှန်းချက်တွေက်ကိုလည်းတွေ့ရမှာဖြစ်တယ်။နှလုံးသားကိုထိစေတဲ့ဇတ်ကွက်လေးကတော့ “ဒဲရာ”အမြဲလိုက်ရှာနေခဲ့တဲ့ဆရာဝန်ကလေး ပြန်တွေ့တော့ ဆရာဝန်လေးရဲ့ကိုယ်ပိုင်ပစ္စည်းလေးအနည်းငယ်၊နှစ်ယောက်တွဲရိုက်ထားတဲ့ဓါတ်ပုံလေးနဲ့နားကျပ်လေးကိုဗူးလေးတစ်ခုနဲ့အမှတ်တရထားပေးထားတာပဲတွေ့ရပါတော့တယ်။ဓါတ်ပုံလေးကိုလှမ်းကိုင်လိုက်တဲ့”ဒဲရာ”ရဲ့တုန်ယင်နေတဲ့လက်ကလေးကစကားတွေအများကြီးကိုပြောပြသွားပါတယ်။သမိုင်းတွေဟာသင်သိထားသင့်တဲ့အရာတွေဖြစ်တယ်။ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။

Show more...