A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Kill Your Lover: သမီးရည်းစားဆက်ဆံရေးတွေမှာ တစ်ဖက်က
ဖောက်ပြန်မှ တစ်ဖက်က စိတ်ကုန်ပြီး ပြတ်စဲကြတာမျိုးတွေပဲရှိတာမဟုတ်ပါဘူး။အစက ကိုယ်အရမ်းသဘောကျခဲ့ရတဲ့ ချစ်ရသူဟာ
အချိန်ကြာလာတော့မှ ကိုယ်နဲ့ အကျင့်စရိုက်တွေအတွေးအခေါ်တွေ နေပုံထိုင်ပုံတွေ မတူညီလာတဲ့အခါပြဿနာ အသေးအမွှားလေးတွေက ရင်ထဲမှာအစိုင်အခဲကြီးတစ်ခုအနေနဲ့သွားစုနေတတ်ပါတယ်။ဒီလို အစိုင်အခဲကြီးက ကြီးထွားလာတာနဲ့အမျှတစ်ဦးအပေါ်တစ်ဦး နားမလည်နိုင်တော့ဘဲ စိတ်ကုန်လာပြီးလမ်းခွဲပြတ်စဲကြတာမျိုးအထိဖြစ်သွားတတ်ပါတယ်။ဒီဇာတ်ကားထဲက ဒက်ကိုဒါဟာလည်း အဲဒီလိုတွေခံစားနေရတာကြောင့် ရည်းစားဖြစ်သူနဲ့ လမ်းခွဲပြတ်စဲဖို့ အချိန်ကောင်းကိုစောင့်နေသူပါ။ဒက်ကိုဒါဟာ အက်ဆဲနဲ့မတွေ့ခင်က ရော့ခ်ဂီတတီးဝိုင်းတစ်ခုရဲ့ အဖွဲ့ဝင်၊ မိုက်ကန်းကန်းကောင်မလေးတစ်ယောက်ဆိုပေမဲ့ အဲဒါကိုသဘောမကျတဲ့ အက်ဆဲက ဒက်ကိုဒါရဲ့ပုံစံကိုပြောင်းလဲအောင်တဖြည်းဖြည်းလုပ်ယူခဲ့ပါတယ်။အချိန်ကြာလာတဲ့အမျှ သူ့ကိုယ်သူပျောက်ဆုံးလာတယ်လို့ခံစားရတဲ့ ဒက်ကိုဒါဟာ အက်ဆဲနဲ့လမ်းခွဲဖို့ ပြင်ဆင်ပါတော့တယ်။ဒါပေမဲ့ သူလမ်းခွဲစကားပြောမဲ့နေ့မှာပဲ အက်ဆဲဟာသူ့ရဲ့ဓာတုဗေဒအလုပ်ကနေ ထိခိုက်လာပြီးခန္ဓာကိုယ်အနှံ့ အမည်းရောင်သွေးကြောတွေပေါ်လာကာလောင်ကျွမ်းစေတဲ့ ဓာတုရည်တွေစိမ့်ထွက်လာပါတော့တယ်။ဒီလိုနဲ့ သာမန် သမီးရည်းစား ပြဿနာဖြေရှင်းခန်း ဇာတ်လမ်းတစ်ပုဒ်ကနေ သွေးသံတရဲရဲ ဟော်ရာဇာတ်လမ်းအဖြစ်ကိုပြောင်းလဲသွားပါတော့တယ်။ဒီရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်းတော်တော်များများမှာ အဖော်အချွတ်လိင်ဆက်ဆံခန်းတွေ၊ သွေးထွက်သံယိုပြကွက်တွေပါဝင်တဲ့အတွက်ကြောင့် မိသားစုဝင်တွေ ကလေးသူငယ်တွေနဲ့အတူကြည့်ရှုဖို့မသင့်တော်ပါဘူး။ဒက်ကိုဒါနဲ့ အက်ဆဲတို့နှစ်ယောက် ဘယ်လိုဇာတ်သိမ်းသွားမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

When Dakota tries to break off her toxic relationship with Axel, it starts transforming him into a monstrous creature. He gradually succumbs to the poison of the decaying relationship, becoming a creature with a touch that melts skin and worst of all, he’s contagious.

Show more...