A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

JOHN WICK ဆိုတဲ့သူဟာ ကြေးစားလူသတ်သမားတစ်ယောက်….ကြေးစားလူသတ်သမားလောကတင်မဟုတ်ဘူး…ရဲဘက်ကတောင် JOHN WICK ဆိုတဲ့သူကိုထိတ်လန့်ကြောက်ရွ့ံ့နေတယ်လို့ပြောရမည်ထင်သည်….
လူသတ်လက်နက်ပေါင်းစုံနဲ့အပစ်အခတ်တွေ၊သွေးသံရဲရဲတွေနဲ့ လောကငရဲကြားကနေချစ်ခြင်းမေတ္တာအရင်းခံပြုပြီး မိန်းကလေးတစ်ယောက်ကJOHN WICK ကိုနွေးထွေးတဲ့သီးခြားကမ္ဘာငယ်လေးဆီခေါ်ဆောင်လာခဲ့တယ်..JOHN WICKကြီးအတွေ ပျော်စရာနေ့ရက်တွေပေါ့..သို့ပေမယ့် သူကြာကြာကံမကောင်းခဲ့ရှာဘူး….JOHN WICK ရဲ့ အမျိုးသမီးဟာ ကင်ဆင်ရောဂါနဲ့ဆုံးပါးသွားတယ်…တစ်ယောက်တည်းအထီးကျန်မနေပဲ သူမကိုယ်စား ဒီခွေးလေးကို ဂရုစိုက်ပါ၊ချစ်ပါလို့စာရေးခဲ့ရင် ခွေးလေးတစ်ကောင်ကိုထားခဲ့တယ်…ခြောက်ကပ်လုဆဲဆဲ JOHN WICK ရဲ့ ကမ္ဘာလေးထဲမှာ သူ့ရဲ့ခွေးလေးက နောက်ဆုံးလက်ကျန် အစွမ်းအဆမဲ့သံယော်ဇဉ်အမျှင်တန်းလေးတစ်ခုပါပဲ…တစ်နေ့တော့ ရုရှားမာဖီးယား ဂိုဏ်းက လူငယ်သုံးဦးက John Wick စီးတဲ့ 69 Mustang ကြီးကို တွေ့သွားပြီးလိုချင်လို့ ဝင်ခိုးရာကနေ John ရဲ့ ခွေးလေးကို ပါသတ်ပစ်ခဲ့ပါတယ်။ခွေးတော့ခွေးပါပဲ..ဒါပေမယ့် ဒီခွေးက JOHN WICK ရဲ့ခွေးဖြစ်နေတယ်….အဲ့ဒီနောက်မှာတော့ဇာတ်လမ်းက သာမန် Revenge ဇာတ်ကားဖြစ်ပေမယ့် အက်ရှင် အရမ်းကောင်းသလို ဇာတ်ရှိန်အတက်အကျ မှန်တာကြောင့်ပရိတ်သတ် အနေနဲ့ လုံးဝမပျင်းရပါဘူး။ တစ်ကားလုံး စိတ်ဝင်စားဖို့ ကောင်းသလို၊ ခွေးလေးတစ်ကောင်အတွက် လက်စားချေတယ်ဆိုပေမယ့်ဒီ Idea ကို အဓိပ္ပာယ်ရှိရှိ သရုပ်ဖော်သွားပါတယ်။ ဇာတ်လမ်းထဲက Fight Scene တွေကလည်း သေသေချာချာ ဇာတ်တိုက်ထားသလို၊Fight Coordinator တွေကလည်း Bourne Ultimatum တို့ 300 တို့ကလူတွေဖြစ်တာကြောင့် ချခန်းတွေကလည်း အသက်ဝင်ပါတယ်။ဒီကားက Equalizer နဲ့ ဇာတ်လမ်းသဘာဝတူပေမယ့် ဒီကားက Fight Scene တွေ Action Scene တွေပိုများပြီးSlow Motion အပေါ် မမှီခိုထားသလို၊ Computer Graphic သိပ်မသုံးထားပါဘူး။ သွေးထွက်တာကအစPractical Effect တွေဖြစ်ပြီးတော့၊ တကယ့် Stunt သမားတွေသုံးပြီး ရိုက်ထားတာ ဖြစ်ပါတယ်။

With the untimely death of his beloved wife still bitter in his mouth, John Wick, the expert former assassin, receives one final gift from her–a precious keepsake to help John find a new meaning in life now that she is gone. But when the arrogant Russian mob prince, Iosef Tarasov, and his men pay Wick a rather unwelcome visit to rob him of his prized 1969 Mustang and his wife’s present, the legendary hitman will be forced to unearth his meticulously concealed identity. Blind with revenge, John will immediately unleash a carefully orchestrated maelstrom of destruction against the sophisticated kingpin, Viggo Tarasov, and his family, who are fully aware of his lethal capacity. Now, only blood can quench the boogeyman’s thirst for retribution. Written by Nick Riganas

Show more...