A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Hit Man: ဒီရုပ်ရှင်ကတော့ ဟာသအက်ရှင်အမျိုးအစားပါ၊ Netflix ရဲ့ပေါကားတွေကြားထဲမှာ ရှားရှားပါးပါး စိတ်ဝင်စားစရာကားကောင်းလေးပါပဲ။ ဒါရိုက်တာက Before Trilogy ရဲ့
ဖန်တီးရှင် Richard Linklater ဆိုတော့ ဒိုင်ယာလော့လန်းလန်းတွေ ပါတာပေါ့။ဇာတ်လမ်းကတော့ နာမည်အတိုင်း ကြေးစားလူသတ်သမားတစ်ယောက်အကြောင်းလို့ ထင်မိရင် မှားမယ်။မဟုတ်ပါဘူး။ ဒီဇာတ်လမ်းအရဆိုရင် ကြေးစားလူသတ်သမားဆိုတာ တကယ်မရှိပါဘူး။ ဘယ်ကောင်မှသေဒဏ်ကျနိုင်တဲ့ကိစ္စကို ငွေလေးနှစ်ပဲတစ်ပြားနဲ့မလုပ်ပါဘူးတဲ့။ ဒီတော့ လူတစ်ယောက်ကို သတ်ချင်လို့လိုက်ငှားတဲ့သူတွေကို ရဲက စုံစမ်းမိပြီဆိုရင်သူတို့ရဲ့လက်ရွေးစင် အသွင်ယူ ကြေးစားလူသတ်သမားကြီးကိုခေါ်လိုက်ပါတယ်။ သူက ကလိုင်းယန့်တွေကိုလေ့လာပြီးသူတို့ယုံမဲ့ပုံစံ စကားတွေနဲ့ အလုပ်အပ်တာကိုလက်ခံပြီးမှရဲတွေက သက်သေနဲ့ တစ်ခါတည်း ဖမ်းပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ ယောကျာ်းကိုသတ်ဖို့ အလုပ်လာအပ်တဲ့ကောင်မလေးတစ်ယောက်ကို မဖမ်းဘဲ ဆုံးမပြီး ပြန်လွှတ်လိုက်ပါတယ်။ အဲဒီကောင်မလေးနဲ့ ပြန်တွေ့ရကနေနောက်ဆက်တွဲတွေ ရှုပ်ကုန်ပြီး တကယ့် လူသတ်သမားတွေအဖြစ် ဘယ်လိုပြောင်းသွားလဲ ကြည့်ရမှာပါ။အစအဆုံး ဘာဖြစ်မလဲ သိချင်စိတ်ဖြစ်စေတဲ့ရုပ်ရှင်မျိုးမို့သေချာပေါက် ကြည့်လိုက်ကြပါဦး။

Gary Johnson is the most sought-after professional killer in New Orleans. To his clients, he is like something out of a movie: the mysterious gun for hire. But if you pay him to rub out a cheating spouse or an abusive boss, you’d better watch out, he works for the cops. When he breaks protocol to help a desperate woman trying to flee an abusive husband, he finds himself becoming one of his false personas, falling for the woman and flirting with becoming a criminal.

Show more...