A-Z list
School 2013 Trailer
Watch

School 2013

60 min

Now showing: Full 16/16

Latest episode: 161514

Country: South Korea

Actors: Daniel ChoiEom Hyo-SeobJang Na-raKim Woo-binKwak Jung-WookLee Jong-sukPark Hae-mi…Park Se-youngShin Hye-sunYun Ju-sang

Genres: Comedy, Drama

0/ 5 0 votes
Movie plot

School 2013:

အပိုင်း (၁ မှ ၁၆) စ/ဆုံး

နာမည်ကြီး School Series ထဲက တစ်ကားဖြစ်တဲ့ School 2013 ကို

CM ပရိတ်သတ်ကြီးတွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။

Cast တွေအနေနဲ့ Jang Nara, Choi Daneil အပြင် Lee Jong Suk,

Kim Woo Bin, Shin Hye Sun, Lee Yi Kyung စတဲ့ နာမည်ကြီးသရုပ်ဆောင်တွေရဲ့

ငယ်ဘဝက ပုံရိပ်တွေကို မြင်ရမှာပဲဖြစ်ပါတယ်။

(ဇာတ်လမ်းအညွှန်း)

ဆွန်းရီအထက်တန်းကျောင်းက ဆိုးလ်မြို့တွင်းမှာရှိတဲ့ ၁၇၈ကျောင်းအနက်

ပညာရေးရမှတ်အနိမ့်ဆုံးကျောင်းတစ်ကျောင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ဆရာဂန်ဆယ်ချန်းကတော့ ဂန်နမ်ရဲ့နာမည်ကြီး ထိပ်တန်းဆရာတစ်ယောက်ပါ။

ဒီလိုနဲ့ ဂန်ဆယ်ချန်းတစ်ယောက် ဆွန်းရီအထက်တန်းကျောင်းကို ပြောင်းဖြစ်လာခဲ့ပြီး

အတန်းပိုင်ဆရာမ ဂျောင်အင်ဂျယ်နဲ့အတူ ဆိုးလှပါချည်ရဲ့ဆိုတဲ့

အထက်တန်းဒုတိယနှစ် အခန်း၂ကို အတူတူစာသင်ကြားပေးဖို့ဖြစ်လာတဲ့အခါ…

ဂျစ်ကန်ကန်နဲ့တစ်ယောက်တစ်မျိုးစီ ဆိုးပေ့ညံ့ပါပေ့ဆိုတဲ့ ကျောင်းသား၊ကျောင်းသူတွေကို

ဘယ်လိုလိမ္မာရေးခြားရှိပြီး အဆင့်တက်လာအောင် ကြိုးစားသင်ကြားပေးသွားမလဲဆိုတာကို

အလွဲအချော်တွေကြားက ဟာသလေးနှောပြီး ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။

ကျောင်းသားကားလေးတွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက် သူငယ်ချင်းသံယောဇဥ်တွေ၊

ဆရာတပည့်ဆက်ဆံရေးလေးတွေကို ရသပေါင်းစုံနဲ့ ရိုက်ပြပေးထားတာမလို့

ကြည့်ရတာမပျင်းစေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။

(အညွှန်းကိုတော့ Hus Pyae မှ ရေးသားထားပေးပါတယ်။)

Show more...