A-Z list
Movie plot

Crimes of Fashion: Killer Clutch –  အားလပ်ရက်တွေမှာ ကြည့်စရာ အေးအေးငြိမ့်ငြိမ့်
ရုပ်ရှင်တစ်ကားလောက် ရှာနေပါသလား?ဇာတ်အိမ် ငြိမ်ပြီး ဆွဲဆောင်မှုရှိတဲ့ ဇာတ်ကောင်တွေပါဝင်တဲ့ဒီဖက်ရှင်စုံထောက်ကားလေးကို ရွေးချယ်လိုက်ပါ!
ဖက်ရှင်နယ်ပယ်မှာ ဦးတည်အလုပ်လုပ်တဲ့ အမေရိကန်သူစိတ်ပညာရှင် လောရမ် အဲလီးရက်ဟာ အလုပ်သစ်တစ်ခုကြောင့်ပါရီမြို့ကို ယာယီပြောင်းရွှေ့ခဲ့ရပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်သူမရဲ့ လုပ်ငန်းခွင်အသစ်ဖြစ်တဲ့ ပါရီဖက်ရှင်ပွဲမှာပဲ လူသတ်မှုကြီးတစ်ခုကို ကြုံတွေ့လိုက်ရတဲ့အခါမှာ…ထက်ထက်မြက်မြက် အမေရိကန်မလေး လောရမ်နဲ့အတူစည်းမျဉ်းစည်းကမ်းအတိုင်း တစ်သွေမတိမ်းလုပ်တတ်တဲ့ပြင်သစ်စုံထောက် အန်ဒရေ ဒူဗရိုင်းက ဘယ်လိုတွေ့ဆုံလက်တွဲပြီး ဒီအမှုကို အဖြေရှာမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အသံဩရှရှ ပြင်သစ်လေသံတွေ၊ ပေါ့ပါးတဲ့ဟာသတွေ၊အဓိကဇာတ်ဆောင် နှစ်ယောက်ကြားက chemistry ကိုက်မှုတွေနဲ့အတူ မလေးလံတဲ့ မှုခင်းစုံစမ်းရေးတွေ ရောပြွန်းပါဝင်နေတာကြောင့် အပျော်တမ်းကြည့်စရာ ရုပ်ရှင်ကားကောင်းတစ်ခုဆိုတာကို ညွှန်းလိုက်ပါရစေ။

Show more...