A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Don’t Look at the Demon: Horror ပရိသတ်တွေအတွက် 2022က ထွက်ရှိခဲ့တဲ့ Horror ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်ကားထဲမှာတော့ ဂျူးစ်ဆိုတဲ့ကောင်မလေးဟာ သာမာန်လူ‌တွေလိုမဟုတ်ပဲ ငယ်စဉ်ကတည်းက ပရလောကသားတွေ ဝိဉာဉ်တွေနဲ့ စကားပြောနိုင် ဆက်သွယ်နိုင်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီအစွမ်းဟာ ကောင်း‌တာတွေလဲရှိနိင်သလို မကောင်းတာတွေလဲဖြစ်နိုင်ကြောင်းကို ထိတ်လန့်ဖွယ်ရာရိုက်ပြထားတာပါ။ဇာတ်လမ်းအညွှန်းကတော့
ဂျူးစ်ဟာ သူ့ရဲ့မွေးရာပါအစွမ်းကို အသုံးချပြီး သူ့သူငယ်ချင်းတွေနဲ့အတူ ပရလောကနဲ့ပတ်သက်တာမှန်သမျှကို စုံစမ်းကြ လိုက်ရှာကြပြီး လူတွေကို လိုက်ကူညီပေးတဲ့ အဖွဲ့တစ်ဖွဲ့‌ထောင်ထားကြတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့အဖွဲ့ဟာ သူတို့ကို အကူအညီတောင်းထားတဲ့ အီးမေးလ်တစ်ခုကိုလက်ခံလိုက်ပြီး ထိုလိပ်စာအတိုင်း လူနေနည်းတဲ့ တောင်ကုန်းပေါ်ကရွာလေးတစ်ရွာမှာရှိတဲ့ အိမ်ကြီးတစ်လုံးဆီကိုသွားကြတော့တာပါပဲ။သူတို့မသိလိုက်တာတစ်ခုကတော့ ထိုအိမ်ကြီးမှာရှိတဲ့အရာဟာ သူတို့ကြုံဖူးနေကျထက် ပိုပြီးကြောက်စရာကောင်းပြီး အရမ်းအန္တရာယ်ရှိတဲ့အရာတစ်ခု ဖြစ်နေချိန်မှာတော့ သူတို့ဟာ ထိုပြဿနာကိုဖြေရှင်းဖို့ထက် အသက်ရှင်ဖို့တောင်အနိုင်နိုင်ကြိုးစားရတာကိုတွေ့ရမှာပါ။ဒီဇာတ်ကားမှာ ခြောက်ခြားစရာတွေ၊ သွေးထွက်သံယိုတွေကို ကောင်းကောင်းကြီးထည့်ထားတဲ့အတွက် Horror fanတွေအတွက်တော့ ကြည့်ရှုရတာတန်တဲ့ ဇာတ်ကားတစ်ကားပါပဲ။

Show more...