A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Dhootha 2023
IMDb 7.8/10
Horror
“Dhootha ” ဆိုတာ အစိုးရနဲ့ပြည်သူကြားကို အမှန်တရားတွေပို့ဆောင်ဆက်သွယ်ပေးသူ “Messenger” ဆိုပြီး
ဂျာနယ်လစ်တွေကိုရည်ညွှန်းထားတဲ့ ဝေါဟာရတစ်ခုပါ ဂျာနယ်လစ်တစ်ယောက်အတွက်တော့
ဖောင်တိန်တစ်ချောင်းက အင်အားအကြီးဆုံးလက်နက်ပါပဲ …

ဇာတ်လမ်းအစကတော့ ဆာဂါဗာရ်မာအဗူဒူရီကို အယ်ဒီတာချုပ်ရာထူးပေးအပ်ပွဲကစတယ်လို့ဆိုရမှာပေါ့
သူဒီရာထူးကိုရခဲ့တာတော့နည်းနည်းလေးကလိမ်ကျတယ်ဗျ ဒီရာထူးအတွက်လူကြီးတွေမှန်းထားတဲ့
ချားစ်ဆိုတဲ့လူက ရူးနေတာပါလို့လူကြီးတွေကိုပြောလိုက်လို့ ချားစ်အစား သူရလာခဲ့တဲ့ရာထူးတစ်ခု
ဒီရာထူးနဲ့အတူ သူ့ဆီကိုရောက်လာမဲ့ ကံကြမ္မာဆိုးကိုတော့ သူကြိုတင်မြင်နိုင်စွမ်းမရှိခဲ့ဘူးပေါ့

ရာထူးအပ်နှင်းပွဲပြီးလို့ အိမ်အပြန်လမ်းမှာဆီပြတ်လို့ စားသောက်ဆိုင်လေးထဲဝင်ထိုင်ရင်း ဆီစွန်းနေတဲ့သတင်းစာစာရွက်ပိုင်းလေးကို ယူဖတ်ကြည့်လိုက်တော့” 9-11-2022 ည 10:45:33 အချိန် နာမည်ကျော်အယ်ဒီတာချုပ် ဆာဂါရ်ဗာရ်မာအဗူဒူရီတို့ ကားအက်ဆီးဒင့်ဖြစ်ရာမှ ခွေးသေဆုံး “ဆိုတဲ့သတင်းခေါင်းစဉ်တစ်ခုကိုတွေ့လိုက်ရတယ်

လက်ရှိအချိန်ကလည်း သတင်းစာပိုင်းထဲကအချိန်နဲ့ကွက်တိကျနေလို့ တွေဝေနေတုန်း ရပ်ထားခဲ့တဲ့ကားက
တကယ်ကားတိုက်မှုထဖြစ်ပြီး ဒီကံကြမ္မာဆိုးကို လက်ဆင့်ကမ်းယူလိုက်မိသွားရာက…

နောက်ထပ် ဘယ်လိုသတင်းစာပိုင်းတွေထပ်ရဦးမလဲ ဒီ‌ကျော့ကွင်းထဲက သူဘယ်လိုလွတ်အောင်ရုန်းနိုင်မလဲ အနာဂတ်ကိုကြိုသိရပေမဲ့ ရေးဆွဲပြီးသားကံကြမ္မာကို ပြောင်းလဲနိုင်စွမ်းရှိပါ့မလားဆိုတာကိုတော့….

(အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး CM Bollywood Team မှဘာသာပြန်ဆိုပေးထားပါတယ် )

In this supernatural thriller, journalist Sagar’s life turns upside down when newspapers predict chilling incidents that unfold in his life.

Show more...