MELBET
အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Detective Conan: Black Iron Submarine Trailer
Watch

Detective Conan: Black Iron Submarine

Meitantei Konan Kurogane no Sabumarin, Detective Conan Movie 26

109 min

Country: Japan

Director: Yuzuru Tachikawa

Actors: ChafûrinMegumi HayashibaraMinami TakayamaMiyuki Ichijô…Rikiya KoyamaShigeru ChibaTakaya HashiTôru FuruyaWakana YamazakiYukitoshi Hori

Genres: Animation, Action, Adventure, Anime, Crime, Mystery, Thriller

0/ 5 0 votes
Movie plot

Detective Conan: Black Iron Submarine – ၂၀၂၃ ခုနှစ် ဧပြီလကမှထွက်ခဲ့တဲ့ ၂၆ ကားမြောက် “Detective Conan: Black Iron Submarine” ဟာ ကိုနန် (Conan) ရဲ့ မဟာရန်သူတော်အဖွဲ့ကြီးဖြစ်တဲ့ “ကူရိုအဖွဲ့အစည်း (Black Organization)” ကို အဓိကဗီလိန်အဖြစ် ထပ်မံမြင်တွေ့ရမယ့် Movie ဖြစ်ပါတယ်။ဇာတ်ကြောင်းအနည်းငယ်ပြောရမယ်ဆိုရင်…အင်တာပိုလ် (Interpol) က တစ်ကမ္ဘာလုံးက လုံခြုံရေးကင်မရာတွေကို ချိတ်ဆက်ပြီး မှုခင်းတွေကို နည်းနိုင်သမျှနည်းအောင် တားဆီးနိုင်ဖို့ဆိုပြီးတော့ All Ages Recognition System (အရွယ်စုံပုံရိပ်ဖမ်းယူခြင်းနည်းစနစ်) ကိုအသုံးပြုသွားမယ့် “ပစိဖိတ်ဗော်ယာ (Pacific Buoy)” ဆိုတဲ့ ပင်လယ်ရေအောက်အဆောက်အအုံကြီးတစ်ခုကို တည်ဆောက်ခဲ့တာကနေ စတာပါ။
အရွယ်စုံပုံရိပ်ဖမ်းယူခြင်းနည်းစနစ်ကို ဖန်တီးခဲ့တဲ့ “နာအိုမီ အာဂျန်တို (Naomi Argento)” ကို ကူရိုအဖွဲ့အစည်းကပြန်ပေးဆွဲသွားပြီး အဲဒီနည်းစနစ်ကို ကိုယ်ကျိုးအတွက်သုံးဖို့ လုပ်ခဲ့တယ်။ အဲဒီအချိန်မှာလည်း ကူရိုအဖွဲ့အစည်းကနေ သစ္စာဖောက်ထွက်ပြေးသွားတဲ့ “ရှယ်ရီ (Sherry) [မီယာနိုရှိဟို/ အာအီ ဟိုင်းဘာရ (Miyano Shiho/ Ai Haibara)]” တစ်ယောက် အဲဒီနည်းစနစ်ကြောင့် သူ့ကိုရှာတွေ့သွားမှာဆိုတာကို စိုးရိမ်ဗျာများနေရပါတော့တယ်။ အဲဒီပြန်ပေးဆွဲမှု၊ စိုးရိမ်ပူပန်မှုတွေကို ကိုနန်တစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာ ပိတ်ကားထက်မှာ ဆက်လက်ရှုစားလိုက်ကြပါခင်ဗျာ။Detective Conan ဆိုရင် တကူးတက မိတ်ဆက်ပေးစရာမလိုအောင် Crime Mystery Anime Genre ထဲမှာ နာမည်အကြီးဆုံး စုံထောက် Anime တစ်ခုဖြစ်ပါတယ်။ Gosho Aoyama (1963~) ရေးပြီး ၁၉၉၄ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့တဲ့ Meitantei Conan (Detective Conan aka Case Closed) Manga ဟာ အခုဒီစာကိုရေးနေတဲ့အချိန်အထိ ဇာတ်မသိမ်းတဲ့အပြင် ဇာတ်ကောင်ဖြစ်သူ ကိုနန်လည်း ကလေးဖြစ်လိုက်၊ လူကြီးဖြစ်လိုက်နဲ့ မှုခင်းမျိုးစုံ၊ ပြဿနာမျိုးစုံ၊ နေရာမျိုးစုံ၊ လူမျိုးစုံ၊ အဖွဲ့မျိုးစုံ အစရှိသဖြင့် ကျင်လည်ကျက်စား၊ ရင်ဆိုင်ဖြေရှင်းရတာက ဇာတ်လမ်းထဲမှာတော့ နှစ်ဝက်လောက်ပဲရှိဦးမယ်ဆိုပေမဲ့ အပြင်မှာတော့ ဒီနှစ် (၂၀၂၄) ထဲဆိုရင် နှစ်ပေါင်း ၃၀ ရှိနေပါပြီ။Manga အနေနဲ့ ၁၉၉၄ ခုနှစ်မှာစတင်ခဲ့ပြီး လက်ရှိအထိ Chapter ပေါင်း ၁၁၃၆ ခု နဲ့ Volume ပေါင်း ၁၀၆ တွဲ ထွက်ရှိထားပါတယ်။ Anime အနေနဲ့ ၁၉၉၆ ခုနှစ်မှာ စတင်ပြသခဲ့တာက လက်ရှိအထိ စုစုပေါင်း ၁၁၄၅ ပိုင်းထွက်ရှိထားပါတယ်။Manga Canon Episodes တွေနဲ့ Filler Episodes (TV Original Episodes) တွေပေါင်းထားတဲ့ အပိုင်းပေါင်း ၁၁၄၅ ပိုင်းတွေထဲမှာ ငါးရာကျော်လောက်က Filler Episodes တွေဖြစ်ပါတယ်။ Movie တွေအနေနဲ့ ၁၉၉၇ ခုနှစ်ကနေ တစ်နှစ်တစ်ကားထုတ်လာခဲ့တာက ဒီနှစ်အထိဆိုရင် စုစုပေါင်း ၂၇ ကားရှိနေပါပြီ။ကိုနန်ရဲ့မဟာရန်သူတော်အဖွဲ့ကြီး ကူရိုအဖွဲ့အစည်းပါတဲ့ Anime Movie တွေဆိုရင် စာရေးသူမှတ်မိသလောက် Countdown to Heaven (2001), The Raven Chaser (2009), The Darkest Nightmare (2016) တွေဖြစ်ပြီး အခုဘာသာပြန်တင်ဆက်ထားတဲ့ Black Iron Submarine (2023) လည်းအပါအဝင်ပါ။Black Iron Submarine ကို ရုံမတင်ခင် “Detective Conan: The Story of Ai Haibara ~Black Iron Mystery Train ~” ဆိုပြီး အရင်တုန်းကထွက်ခဲ့တဲ့ Black Organization ပါဝင်တဲ့ အန်နီမဲအပိုင်းတွေကို စုစည်းပြီး Compilation Movie အဖြစ် ရုံတင်သွားခဲ့တဲ့အပြင် အခုဇာတ်ကားရဲ့ Pre-story Episode ကလည်း “Episode 1080: The Cameras Targeting Haibara” ဖြစ်ပါတယ်။ ဒီတစ်ကားတည်းမှာမဟုတ်ဘဲ Conan Anime Movie ဇာတ်ကားတိုင်းမှာ Pre-story Episode တွေ ကိုယ်စီရှိကြပါတယ်။Black Iron Submarine ထဲမှာ ဇာတ်အိမ်တည်ထားတဲ့ တည်နေရာက အပြင်မှာတကယ်ရှိပြီး ဖိလစ်ပိုင်ပင်လယ်ထဲက ဂျပန်ပိုင်ကျွန်းဖြစ်တဲ့ ဟာချိဂျောဂျီးမား (Hachijojima) ဖြစ်ပါတယ်။ အခုဇာတ်ကားရဲ့ Theme Song ဖြစ်တဲ့ “Utsukushii Hire” ကို Spitz ကသီဆိုထားတာဖြစ်ပါတယ်။ဒီနှစ်(၂၀၂၄) ဧပြီလထဲ ရုံတင်ခဲ့တဲ့ ၂၇ ကားမြောက် Detective Conan: The Million-dollar Pentagram ကတော့ ဟော့ကိုင်းဒိုး (Hokkaido) က ဟာကိုဒါတဲ (Hakodate) မှာ အခြေတည်ထားပြီး ကိုင်တိုကစ်ဒို (Kaito Kid) နဲ့ ဟာတိုရီ ဟဲဂျိ (Hattori Heiji) တို့က အဓိကပါဝင်ကြမယ်ဆိုတာ Trailer တွေထဲမှာ မြင်ကြမှာပါ။ဂျပန်ရုံတင်ဝင်ငွေစုစုပေါင်း 13.88 billion Yen ရရှိခဲ့လို့ Detective Conan Movie Franchise ထဲမှာ ရုံတင်ဝင်ငွေစုစုပေါင်း 10 billion yen ထက်ကျော်လွန်ပြီး ပထမဆုံးရရှိသွားဖူးတဲ့ “Detective Conan Movie 26: Black Iron Submarine” ထဲမှာ ကိုနန်တစ်ယောက် သူ့မဟာရန်သူတော်ကြီးအဖွဲ့ဖြစ်တဲ့ ကူရိုအဖွဲ့အစည်းကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ပိတ်ကားထက်မှာ ရှုစားလိုက်ကြပါခင်ဗျာ။(ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်)
Many engineers from around the world gather at the Interpol marine facility “Pacific Buoy” on Hachijo-jima, in the off sea south of central Tokyo Prefecture coast, to witness the launch of a new system that connects all law enforcement camera systems around the world and enables facial recognition worldwide. Conan, along with his friends Kogoro, Ran, Agasa, Haibara, and the Detective Boys, also heads on the island with an invitation from Sonoko to see the whales. He receives a message from Subaru, who says that an Europol agent has been murdered in Germany by Gin. Perturbed, Conan sneaks onto the police ship led by Kuroda, which is bringing them to the island to protect the completion work, and tours the new facility, just in time for the Black Organization to kidnap a female engineer, seeking a piece of important data in her USB drive. A terrifying howl of screws is heard from the ocean, as an unknown person approaches Haibara.

Show more...