Dear Zindagi (2016)

· Updated On · Posted On
Dear Zindagi (2016)
7.0/15345 votes
Bookmark

 

Dear Zindagi (or) The Best Bollywood Movie in 2016

ေန႔စဥ္ဓူဝ ႐ုန္းကန္လႈပ္႐ွားေနရတဲ့ လူ႔ဘဝႀကီးထဲမွာ ေအာင္ျမင္ေသာဘဝကုိရ႐ွိဖုိ႔

အခက္အခဲမ်ဳိးစုံကုိ ျဖတ္သန္းေနရပါတယ္။မေအာင္ျမင္ခင္မွာ ၾကဳံေတြ႔ရတဲ့ အခက္အခဲေတြကုိ

ရင္ဆုိင္ေက်ာ္လႊားဖုိ႔ မိဘနဲ႔ မိမိရဲ႕ အရင္းအႏွီးဆုံးသူငယ္ခ်င္းေတြရဲ႕ အားေပးကူညီမႈေတြကုိ

လုိအပ္ပါတယ္။သူတုိ႔ရဲ႕ ကူညီမႈသာမပါရင္ ေက်ာ္ျဖတ္ဖုိ႔ ေတာ္ေတာ္ေလးပင္ပန္းခက္ခဲမွာပါ။

မိတ္ေဆြေကာင္းေတြရဲ႕ အၾကံဉာဏ္ေတြက ကြၽန္ေတာ့္တုိ႔ေ႐ွ႕ဆက္ေလွ်ာက္လွမ္းရမယ့္

ဘဝအတြက္ေတာ့ အေကာင္းဆုံးခြန္အားပါပဲ။

Kaira (Alia Bhatt) က အရည္အခ်င္း႐ွိတဲ့ Cinematographer တစ္ေယာက္ျဖစ္ၿပီး

သူမရဲ႕ဘဝကုိ ဒီထက္ေအာင္ျမင္မႈရဖုိ႔ၾကဳိးစားေနသူပါ။ဒါေပမဲ့ ႏွလုံးသားေရးမွာေတာ့ ကံမေကာင္းေသးပါဘူး။

သူမနဲ႔ ကုိက္ညီတဲ့ စစ္မွန္တဲ့ အခ်စ္စစ္ကုိ႐ွာေဖြေနတုန္းမွာပဲ အသည္းကြဲခံလုိက္ရပါတယ္။

Goa မွာ႐ွိတဲ့ စားေသာက္ဆုိင္ေၾကာ္ျငာ႐ုိက္ဖုိ႔အတြက္ ေမြးရက္ေျမကုိ ျပန္ဖုိ႔ျဖစ္လာေသာအခါ

စိတ္ဓာတ္က်ၿပီး ရည္မွန္းခ်က္ေပ်ာက္ေနတဲ့ Kaira တစ္ေယာက္ စိတ္ေရာဂါအထူးကုဆရာဝန္ျဖစ္တဲ့

Dr. Jehangir Khan (Shah Rukh Khan) ရဲ႕ ေဟာေျပာမႈကုိနားေထာင္ၿဖစ္ခဲ့ပါတယ္။

ၿပီးေတာ့ သူမရဲ႕ျဖစ္ပ်က္ေနတဲ့ စိတ္ပ်က္မႈကုိပေပ်ာက္ဖုိ႔အတြက္ Dr.Jug နဲ႔ေတြ႔ဆုံဖုိ႔ျဖစ္လာပါေတာ့တယ္။

ပုံမွန္သမာ႐ုိးက်မဟုတ္တဲ့ ကုသမႈေတြနဲ႔ Kiara ရဲ႕ အတိတ္ဘဝ၊လက္႐ွိၾကဳံေနရတဲ့ အခက္အခဲေတြကုိ ေျဖ႐ွင္းေပးတဲ့အခါ

Dear Zindagi ဆုိတဲ့ လွပတဲ့ ႐ုပ္႐ွင္တစ္ကားျဖစ္လာပါေတာ့တယ္။

ဒီဇာတ္ကားနဲ႔ပတ္သတ္ၿပီး ပထမဆုံးခ်ီးက်ဴးလုိတာကေတာ့ ဇာတ္ကားကုိ ႐ုိက္ကူးတဲ့

အမ်ဳိးသမီး ဒါ႐ုိက္တာျဖစ္တဲ့ Gauri Shinde ရဲ႕ ႐ုိက္ကူးမႈပါပဲ။ျမန္မာပရိသတ္ေတြေတာ္ေတာ္သေဘာက်တဲ့

ေပါက္ကားျဖစ္တဲ့ အေမရိကန္ေရာက္ အင္ဒီယန္းအမ်ဳိးသမီးရဲ႕ အဂၤလိပ္စာသင္ယူမႈ အေၾကာင္း႐ုိက္ကူးထားတဲ့

English Vinglish ဇာတ္ကားကုိ ႐ုိက္ကူးထားတဲ့သူပါ။ဝင္ေငြပုိင္းအရေအာင္ျမင္သလုိ

အႏုပညာအရလည္းဆုေပါင္းမ်ားစြာရ႐ွိခဲ့တဲ့ကားကုိ ႐ုိက္ကူးခဲ့တဲ့သူမအေနနဲ႔ ယခုဇာတ္ကားအပါအဝင္

ဇာတ္ကားႏွစ္ကားပဲ႐ုိက္ကူးထားရပါေသးတယ္။တကယ္ကုိပဲ ခ်ီးက်ဴးဖုိ႔ေကာင္းသလုိ

႐ုိက္ကူးတဲ့ဇာတ္ကားႏွစ္ကားလုံးကအရမ္းကုိေကာင္းမြန္သလုိ ဝင္ေငြပုိင္းမွာလည္း ေအာင္ျမင္ခဲ့ပါတယ္။

အမ်ဳိးသမီးဒါ႐ုိက္တာျဖစ္တာနဲ႔အညီ သူမရဲ႕ဇာတ္ကားေတြမွာ အမ်ဳိးသမီးဇာတ္ေကာင္ကုိ

အဓိကထား႐ုိက္သလုိ ဒီဇာတ္ကားရဲ႕ အဓိကသ႐ုပ္ေဆာင္က မင္းသမီး Alia Bhatt ျဖစ္ပါတယ္

။ေနာက္ပုိင္းတက္သစ္စမင္းသမီးေတြထဲမွာ သ႐ုပ္ေဆာင္ေကာင္းတဲ့ Alia အတြက္ေတာ့ ဒီဇာတ္ကားက

သူမရဲ႕သ႐ုပ္ေဆာင္ဘဝကုိ တစ္ဆင့္တက္ေစတဲ့ ဇာတ္ကားပါပဲ။လုပ္ကြက္ရတာနဲ႔အညီ

အေကာင္းဆုံးသ႐ုပ္ေဆာင္သြားတဲ့ Alia ကေတာ့ ဒီႏွစ္ဆုေပးပြဲေတြရဲ႕

အဓိကသ႐ုပ္ေဆာင္ဆုေတြမွာ ေရပန္းစားေနပါသည္။

မင္းသမီးရဲ႕အဓိကဦးေဆာင္တဲ့ဇာတ္ျဖစ္ေပမယ့္ Dear Zindagi ဆုိတဲ့ ဇာတ္ကားရဲ႕

အသက္ကုိသြင္းေပးတဲ့သူကေတာ့ Dr.Jug အျဖစ္သ႐ုပ္ေဆာင္တဲ့ အားလုံးခ်စ္တဲ့မင္းသားႀကီး

Shah Rukh Khan(SRK) ပဲျဖစ္ပါတယ္။ဒီဇာတ္လမ္းအသက္ျဖစ္တဲ့ အရမ္းေကာင္းမြန္တဲ့

စိတ္ပညာနဲ႔ပတ္သတ္တဲ့ ႐ွင္းလင္းခ်က္ေတြကုိ လြယ္ကူစြာနားလည္ႏုိင္ေစရန္ ဥပမာေပးၿပီး အေရးႀကီးတဲ့

ဘဝနဲ႔ဆုိင္တဲ့ ဒသနေတြကုိ ေျပာျပခဲ့တဲ့ SRK ရဲ႕ဇာတ္႐ုပ္က ေတာ္ေတာ္ေလးေကာင္းမြန္ပါတယ္။

မင္းသားရဲ႕ ေျပာစရာမလုိတဲ့ သ႐ုပ္ေဆာင္မႈေတြေပါင္းစပ္လုိက္တဲ့ အခါမွာေတာ့

Dr.Jug ဆုိတဲ့ဇာတ္ေကာင္က ကြၽန္ေတာ္ရဲ႕အေကာင္းဆုံးမိတ္ေဆြျဖစ္လာပါေတာ့တယ္။

ဒီဘက္နွစ္ေတြမွာ Bollywood မဆန္တဲ့ ႐ုပ္႐ွင္ကားေတြ႐ုိက္ကူးလာတဲ့ မင္းသားရဲ႕ေျပာင္းလဲမႈကုိ

သက္ေသျပဳတဲ့ ဒီဇာတ္ကားက ပုံမွန္ Bollywood ဇာတ္ကားကေနအမ်ားႀကီးခြဲထြက္ထားပါတယ္။

ျမန္မာႏုိင္ငံနဲ႔ ေတာ္ေတာ္ေလးဆင္ၿပီး အရမ္းလွတဲ့ ဂုိအာျမဳိ့မွာအေျချပဳ႐ုိက္ကူးထားတဲ့ ဒီဇာတ္ကားက

ပုံမွန္ျဖစ္ေနတဲ့ အုပ္စုဖြဲ႔ဝုိင္းကတဲ့ သီခ်င္းခန္းေတြမပါသလုိ ယုတၳိမ႐ွိတဲ့ fight scence လည္း မပါဝင္ပါဘူး။

ဇာတ္ကားနဲ႔အရမ္းလုိက္ဖက္သလုိ အရမ္းကုိ အဓိပၸါယ္႐ွိၿပီးေကာင္းလြန္းတဲ့ ေနာက္ခံဇာတ္ဝင္သီခ်င္းေတြသာပါဝင္ပါတယ္

။ေတာ္ေတာ္မ်ားလည္းအၾကဳိက္ေတြ႔မယ္ ထင္ပါတယ္။ဒီလုိသီခ်င္းပုံစံမ်ဳိးသုံးတာကေတာ့

ဒါ႐ုိက္တာ Gauri Shinde ရဲ႕ စတုိင္လုိ႔ေျပာရသလုိ အရမ္းလည္းမုိက္ပါတယ္။

႐ုိက္ကူးထားတာကလည္းလွပသလုိ မင္းသမီးရဲ႕ခ်စ္စဖြယ္အလွလည္းေပၚလြင္ပါတယ္။

ဘာမွနည္းပညာဆန္းသစ္မႈမပါပဲ ဘတ္ဂ်က္အနည္းငယ္သာကုန္ၿပီး ႐ုိက္ကူးထားတဲ့

ဒီဇာတ္ကားက ႐ုံတင္ၿပီးသုံးရက္အတြင္းမွာပဲ ႐ုိက္ကူးစရိတ္ေက်ၿပီး အခုဆုိရင္အျမတ္မ်ားစြားရေနၿပီျဖစ္ပါတယ္။

႐ုပ္႐ွင္ကားတစ္ကားရဲ႕ အသက္ျဖစ္တဲ့ ဇာတ္ၫႊန္းေကာင္းမႈနဲ႔ သ႐ုပ္ေဆာင္ေတြရဲ႕ အသက္ဝင္တဲ့သ႐ုပ္ေဆာင္မႈေတြက

ဒီဇာတ္ကားကုိ ေအာင္ျမင္မႈကုိတြန္းပုိ႔ေစပါတယ္။ဒီေနရာတစ္ခုေတြးမိတာ နည္းပညာမတုိးတက္လုိ႔

႐ုပ္႐ွင္ကားမေကာင္းဘူးေျပာေနတဲ့ သူတစ္ခ်ဳိ့ကုိသတိရမိပါေသးတယ္။

သူတုိ႔ကုိ ဒီဇာတ္ကားေလးကုိ တစ္ခါေလာက္ၾကည့္ဖုိ႔တုိက္တြန္းခ်င္ပါေသးတယ္။

ပထမဆုံးေျပာခဲ့သလုိပဲ အခက္အခဲေတြနဲ႔ၾကဳံတဲ့အခါ မိတ္ေဆြေကာင္းေတြရဲ႕ အားေပးလမ္းၫြန္မႈက

အေရးပါလွပါတယ္။Kiara ကုိ စိတ္ဓာတ္ခြန္အားျဖစ္ေစမယ့္ စကားေတြကုိေျပာခဲ့တဲ့ Dr.Jug ရဲ႕

စကားလုံးတုိင္းက အရမ္းေကာင္းပါတယ္။ကြၽန္ေတာ္ေရးျပရင္ ေပါ့သြာသလုိျဖစ္သြားမွာတာေၾကာင့္

သူငယ္ခ်င္းေတြကုိတုိင္ ၾကည့္႐ႈၿပီးခံစားေစခ်င္ပါတယ္။တကယ္ကုိ အဖုိးတန္တဲ့စကားေတြျဖစ္သလုိ

ကြၽန္ေတာ္တုိ႔အတြက္တြန္းအားတစ္ခုရေစမွာပါ။စိတ္ဓာတ္က်ေနတဲ့သူေတြ၊တြန္းအားတစ္ခုလုိခ်င္တဲ့သူေတြ၊

မိတ္ေဆြေကာင္းတစ္ေယာက္လုိခ်င္တဲ့သူေတြကုိေတာ့ ဒီဇာတ္ကားကုိ မလြတ္တမ္းၾကည့္ဖုိ႔ တုိက္တြန္းလုိပါတယ္။အခ်ိန္ ၂နာရီခြဲ

အတြင္းမွာပဲ ေပးလုိက္ရတဲ့အခ်ိန္ထက္ ပုိတန္တဲ့ ထုိက္တန္မႈကုိရ႐ွိမယ္ဆုိတာကေတာ့ ရဲရဲႀကီးအာမခံပါတယ္။

ဒီဇာတ္ကားေလးကုိၾကည့္ၿပီး ကြၽန္ေတာ္တုိ႔ရဲ႕ ဘဝေနနည္းအတြက္ Dr.Jug ရဲ႕

အကူအညီကုိယူၿပီး အသုံးခ်လုိက္ရေအာင္လားခင္ဗ်ာ……

ဘာသာျပန္သူကေတာ့ White Tariq Ye Aung ျဖစ္ပါတယ္

ရုပ္ရွင္အညႊန္းကိုေတာ့ M-MDB ကကူးယူေဖာ္ျပပါတယ္

 

[Dear Zindagi (or) The Best Bollywood Movie in 2016

နေ့စဉ်ဓူဝ ရုန်းကန်လှုပ်ရှားနေရတဲ့ လူ့ဘဝကြီးထဲမှာ အောင်မြင်သောဘဝကိုရရှိဖို့

အခက်အခဲမျိုးစုံကို ဖြတ်သန်းနေရပါတယ်။မအောင်မြင်ခင်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို

ရင်ဆိုင်ကျော်လွှားဖို့ မိဘနဲ့ မိမိရဲ့ အရင်းအနှီးဆုံးသူငယ်ချင်းတွေရဲ့ အားပေးကူညီမှုတွေကို

လိုအပ်ပါတယ်။သူတို့ရဲ့ ကူညီမှုသာမပါရင် ကျော်ဖြတ်ဖို့ တော်တော်လေးပင်ပန်းခက်ခဲမှာပါ။

မိတ်ဆွေကောင်းတွေရဲ့ အကြံဉာဏ်တွေက ကျွန်တော့်တို့ရှေ့ဆက်လျှောက်လှမ်းရမယ့်

ဘဝအတွက်တော့ အကောင်းဆုံးခွန်အားပါပဲ။

Kaira (Alia Bhatt) က အရည်အချင်းရှိတဲ့ Cinematographer တစ်ယောက်ဖြစ်ပြီး

သူမရဲ့ဘဝကို ဒီထက်အောင်မြင်မှုရဖို့ကြိုးစားနေသူပါ။ဒါပေမဲ့ နှလုံးသားရေးမှာတော့ ကံမကောင်းသေးပါဘူး။

သူမနဲ့ ကိုက်ညီတဲ့ စစ်မှန်တဲ့ အချစ်စစ်ကိုရှာဖွေနေတုန်းမှာပဲ အသည်းကွဲခံလိုက်ရပါတယ်။

Goa မှာရှိတဲ့ စားသောက်ဆိုင်ကြော်ငြာရိုက်ဖို့အတွက် မွေးရက်မြေကို ပြန်ဖို့ဖြစ်လာသောအခါ

စိတ်ဓာတ်ကျပြီး ရည်မှန်းချက်ပျောက်နေတဲ့ Kaira တစ်ယောက် စိတ်ရောဂါအထူးကုဆရာဝန်ဖြစ်တဲ့

Dr. Jehangir Khan (Shah Rukh Khan) ရဲ့ ဟောပြောမှုကိုနားထောင်ဖြစ်ခဲ့ပါတယ်။

ပြီးတော့ သူမရဲ့ဖြစ်ပျက်နေတဲ့ စိတ်ပျက်မှုကိုပပျောက်ဖို့အတွက် Dr.Jug နဲ့တွေ့ဆုံဖို့ဖြစ်လာပါတော့တယ်။

ပုံမှန်သမာရိုးကျမဟုတ်တဲ့ ကုသမှုတွေနဲ့ Kiara ရဲ့ အတိတ်ဘဝ၊လက်ရှိကြုံနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးတဲ့အခါ

Dear Zindagi ဆိုတဲ့ လှပတဲ့ ရုပ်ရှင်တစ်ကားဖြစ်လာပါတော့တယ်။

ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး ပထမဆုံးချီးကျူးလိုတာကတော့ ဇာတ်ကားကို ရိုက်ကူးတဲ့

အမျိုးသမီး ဒါရိုက်တာဖြစ်တဲ့ Gauri Shinde ရဲ့ ရိုက်ကူးမှုပါပဲ။မြန်မာပရိသတ်တွေတော်တော်သဘောကျတဲ့

ပေါက်ကားဖြစ်တဲ့ အမေရိကန်ရောက် အင်ဒီယန်းအမျိုးသမီးရဲ့ အင်္ဂလိပ်စာသင်ယူမှု အကြောင်းရိုက်ကူးထားတဲ့

English Vinglish ဇာတ်ကားကို ရိုက်ကူးထားတဲ့သူပါ။ဝင်ငွေပိုင်းအရအောင်မြင်သလို

အနုပညာအရလည်းဆုပေါင်းများစွာရရှိခဲ့တဲ့ကားကို ရိုက်ကူးခဲ့တဲ့သူမအနေနဲ့ ယခုဇာတ်ကားအပါအဝင်

ဇာတ်ကားနှစ်ကားပဲရိုက်ကူးထားရပါသေးတယ်။တကယ်ကိုပဲ ချီးကျူးဖို့ကောင်းသလို

ရိုက်ကူးတဲ့ဇာတ်ကားနှစ်ကားလုံးကအရမ်းကိုကောင်းမွန်သလို ဝင်ငွေပိုင်းမှာလည်း အောင်မြင်ခဲ့ပါတယ်။

အမျိုးသမီးဒါရိုက်တာဖြစ်တာနဲ့အညီ သူမရဲ့ဇာတ်ကားတွေမှာ အမျိုးသမီးဇာတ်ကောင်ကို

အဓိကထားရိုက်သလို ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင်က မင်းသမီး Alia Bhatt ဖြစ်ပါတယ်

။နောက်ပိုင်းတက်သစ်စမင်းသမီးတွေထဲမှာ သရုပ်ဆောင်ကောင်းတဲ့ Alia အတွက်တော့ ဒီဇာတ်ကားက

သူမရဲ့သရုပ်ဆောင်ဘဝကို တစ်ဆင့်တက်စေတဲ့ ဇာတ်ကားပါပဲ။လုပ်ကွက်ရတာနဲ့အညီ

အကောင်းဆုံးသရုပ်ဆောင်သွားတဲ့ Alia ကတော့ ဒီနှစ်ဆုပေးပွဲတွေရဲ့

အဓိကသရုပ်ဆောင်ဆုတွေမှာ ရေပန်းစားနေပါသည်။

မင်းသမီးရဲ့အဓိကဦးဆောင်တဲ့ဇာတ်ဖြစ်ပေမယ့် Dear Zindagi ဆိုတဲ့ ဇာတ်ကားရဲ့

အသက်ကိုသွင်းပေးတဲ့သူကတော့ Dr.Jug အဖြစ်သရုပ်ဆောင်တဲ့ အားလုံးချစ်တဲ့မင်းသားကြီး

Shah Rukh Khan(SRK) ပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းအသက်ဖြစ်တဲ့ အရမ်းကောင်းမွန်တဲ့

စိတ်ပညာနဲ့ပတ်သတ်တဲ့ ရှင်းလင်းချက်တွေကို လွယ်ကူစွာနားလည်နိုင်စေရန် ဥပမာပေးပြီး အရေးကြီးတဲ့

ဘဝနဲ့ဆိုင်တဲ့ ဒသနတွေကို ပြောပြခဲ့တဲ့ SRK ရဲ့ဇာတ်ရုပ်က တော်တော်လေးကောင်းမွန်ပါတယ်။

မင်းသားရဲ့ ပြောစရာမလိုတဲ့ သရုပ်ဆောင်မှုတွေပေါင်းစပ်လိုက်တဲ့ အခါမှာတော့

Dr.Jug ဆိုတဲ့ဇာတ်ကောင်က ကျွန်တော်ရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်လာပါတော့တယ်။

ဒီဘက်နှစ်တွေမှာ Bollywood မဆန်တဲ့ ရုပ်ရှင်ကားတွေရိုက်ကူးလာတဲ့ မင်းသားရဲ့ပြောင်းလဲမှုကို

သက်သေပြုတဲ့ ဒီဇာတ်ကားက ပုံမှန် Bollywood ဇာတ်ကားကနေအများကြီးခွဲထွက်ထားပါတယ်။

မြန်မာနိုင်ငံနဲ့ တော်တော်လေးဆင်ပြီး အရမ်းလှတဲ့ ဂိုအာမြို့မှာအခြေပြုရိုက်ကူးထားတဲ့ ဒီဇာတ်ကားက

ပုံမှန်ဖြစ်နေတဲ့ အုပ်စုဖွဲ့ဝိုင်းကတဲ့ သီချင်းခန်းတွေမပါသလို ယုတ္ထိမရှိတဲ့ fight scence လည်း မပါဝင်ပါဘူး။

ဇာတ်ကားနဲ့အရမ်းလိုက်ဖက်သလို အရမ်းကို အဓိပ္ပါယ်ရှိပြီးကောင်းလွန်းတဲ့ နောက်ခံဇာတ်ဝင်သီချင်းတွေသာပါဝင်ပါတယ်

။တော်တော်များလည်းအကြိုက်တွေ့မယ် ထင်ပါတယ်။ဒီလိုသီချင်းပုံစံမျိုးသုံးတာကတော့

ဒါရိုက်တာ Gauri Shinde ရဲ့ စတိုင်လို့ပြောရသလို အရမ်းလည်းမိုက်ပါတယ်။

ရိုက်ကူးထားတာကလည်းလှပသလို မင်းသမီးရဲ့ချစ်စဖွယ်အလှလည်းပေါ်လွင်ပါတယ်။

ဘာမှနည်းပညာဆန်းသစ်မှုမပါပဲ ဘတ်ဂျက်အနည်းငယ်သာကုန်ပြီး ရိုက်ကူးထားတဲ့

ဒီဇာတ်ကားက ရုံတင်ပြီးသုံးရက်အတွင်းမှာပဲ ရိုက်ကူးစရိတ်ကျေပြီး အခုဆိုရင်အမြတ်များစွားရနေပြီဖြစ်ပါတယ်။

ရုပ်ရှင်ကားတစ်ကားရဲ့ အသက်ဖြစ်တဲ့ ဇာတ်ညွှန်းကောင်းမှုနဲ့ သရုပ်ဆောင်တွေရဲ့ အသက်ဝင်တဲ့သရုပ်ဆောင်မှုတွေက

ဒီဇာတ်ကားကို အောင်မြင်မှုကိုတွန်းပို့စေပါတယ်။ဒီနေရာတစ်ခုတွေးမိတာ နည်းပညာမတိုးတက်လို့

ရုပ်ရှင်ကားမကောင်းဘူးပြောနေတဲ့ သူတစ်ချို့ကိုသတိရမိပါသေးတယ်။

သူတို့ကို ဒီဇာတ်ကားလေးကို တစ်ခါလောက်ကြည့်ဖို့တိုက်တွန်းချင်ပါသေးတယ်။

ပထမဆုံးပြောခဲ့သလိုပဲ အခက်အခဲတွေနဲ့ကြုံတဲ့အခါ မိတ်ဆွေကောင်းတွေရဲ့ အားပေးလမ်းညွန်မှုက

အရေးပါလှပါတယ်။Kiara ကို စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စကားတွေကိုပြောခဲ့တဲ့ Dr.Jug ရဲ့

စကားလုံးတိုင်းက အရမ်းကောင်းပါတယ်။ကျွန်တော်ရေးပြရင် ပေါ့သွာသလိုဖြစ်သွားမှာတာကြောင့်

သူငယ်ချင်းတွေကိုတိုင် ကြည့်ရှုပြီးခံစားစေချင်ပါတယ်။တကယ်ကို အဖိုးတန်တဲ့စကားတွေဖြစ်သလို

ကျွန်တော်တို့အတွက်တွန်းအားတစ်ခုရစေမှာပါ။စိတ်ဓာတ်ကျနေတဲ့သူတွေ၊တွန်းအားတစ်ခုလိုချင်တဲ့သူတွေ၊

မိတ်ဆွေကောင်းတစ်ယောက်လိုချင်တဲ့သူတွေကိုတော့ ဒီဇာတ်ကားကို မလွတ်တမ်းကြည့်ဖို့ တိုက်တွန်းလိုပါတယ်။အချိန် ၂နာရီခွဲ

အတွင်းမှာပဲ ပေးလိုက်ရတဲ့အချိန်ထက် ပိုတန်တဲ့ ထိုက်တန်မှုကိုရရှိမယ်ဆိုတာကတော့ ရဲရဲကြီးအာမခံပါတယ်။

ဒီဇာတ်ကားလေးကိုကြည့်ပြီး ကျွန်တော်တို့ရဲ့ ဘဝနေနည်းအတွက် Dr.Jug ရဲ့

အကူအညီကိုယူပြီး အသုံးချလိုက်ရအောင်လားခင်ဗျာ……

ဘာသာပြန်သူကတော့ White Tariq Ye Aung ဖြစ်ပါတယ်

ရုပ်ရှင်အညွှန်းကိုတော့ M-MDB ကကူးယူဖော်ပြပါတယ်]

watch movie Dear Zindagi (2016) burmese sub, Dear Zindagi (2016) မြန်မာစာတန်းထိုး, download Dear Zindagi (2016) mm sub