A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

DeAr: 2024 အသစ်ထွက်တဲ့ ဘောလိဝုဒ်ကားတွေထဲကမှ IMDb 8.6/10 ရရှိထားတဲ့ဇာတ်အိမ်ခပ်ဆန်းဆန်းကားသစ်နဲ့ မိတ်ဆက်ပေးပါရစေ။ အိန္ဒိယတောင်ပိုင်းနိုင်ငံတကာရုပ်ရှင်ဆုရမင်းသမီးဖြစ်တဲ့ အစ်ရှ်ဝါရာ ရာဂျက်ရှ်နဲ့ သီချင်းထုတ်လုပ်သူအဖြစ်ပါနာမည်ကြီးတဲ့ ဂျီဗီ ပရာကတ်ရှ် ကူးမားတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဒီဗီကားက အလုပ်အကိုင် လည်းရှိ၊ ရုပ်ရည်လည်းလှပပေမဲ့သတို့သားများစွာရဲ့ ငြင်းဆိုခြင်းကို ခံလာရတဲ့ အပျိုဟိုင်းအလောင်းအလျာလေးပဲဖြစ်ပါတယ်။ငြင်းခံရတဲ့အကြောင်းအရင်းကလည်း သူ့ရဲ့ဆိုးရွားတဲ့ဟောက်သံကြောင့်ပါပဲ။စမိတ်ဆက်‌တဲ့အချိန်မှာတင် ဟောက်တတ်ကြောင်း စကားခံလေ့ရှိပြီးအိပ်‌ေရးပျက်မှာကိုကြောက်ကြတဲ့ သတို့သားများဟာလည်း တွေ့စမှာတင် တပ်ခေါက်ပြေးကြတော့တာပါပဲ‌။တစ်ဖက်မှာလည်း အာဂျွန်က ဂျာနယ်လစ်ဖြစ်ဖို့ကို ရူးသွပ်နေတဲ့လူငယ်တစ်ယောက်ပါ။ဝါသနာနဲ့ ရည်မှန်းချက်ကိုပဲ တစိုက်မှတ်မှတ်လိုက်ရင်း တခြားဘာကိုမှ အာရုံမရှိတဲ့ကြိုးစားတဲ့လူတစ်ယောက်ပါ။ လက်ထပ်ဖို့ကိုလည်း သူလိုချင်တဲ့အလုပ်နဲ့အခြေကျပြီးနောက်ပိုင်းမှသာ စဉ်းစားချင်တဲ့သူတစ်ယောက်ပေါ့။ဒါပေမဲ့ အိမ်ထောင်ရေးကိုစွဲလန်းနေတဲ့ အသိုင်းအဝိုင်းကတော့သူ့ကို ဒီတိုင်းလွှတ်မထားခဲ့ပါဘူး။ အစ်ကိုနဲ့အမေရဲ့ စီစဉ်မှုနဲ့ ကြင်ဖက်တွေ့ပြီးနှစ်လအတွင်း အိမ်ထောင်ကျဖို့ဖြစ်လာပါတော့တယ်။ကံကြမ္မာကိုက ဖန်လာတယ်ပဲ ပြောရမလား လက်မထပ်ချင်ပါဘူးဆိုမှ
သတို့သမီးရဲ့‌အမေနဲ့ အာဂျွန့်ရဲ့အမေတို့က ငယ်သူငယ်ချင်းတွေဖြစ်နေတဲ့အခါငြင်းမရတဲ့မင်္ဂလာပွဲကြီးဖြစ်လာပါတော့တယ်။ အိမ်ထောင်ရေးမှာ ဟောက်သံကြောင့်ထိခိုက်မှာစိုးနေတဲ့ မင်းသမီးနဲ့ အခြေမကျနိုင်သေးတဲ့မင်းသားတို့မိဘတွေစီစဉ်တဲ့အိမ်ထောင်ရေးမှာ အဆင်ပြေပြေနဲ့ဆက်သွားနိုင်ပါ့မလား။အပြတ်ပြတ်နဲ့ပဲ နှာခေါင်းသွေးထွက်ကြမလား ညှိယူပြီးပဲလက်တွဲသွားကြမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။

Show more...