A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
An Arrow Through the Heart
Watch

An Arrow Through the Heart

88 min

Country: China

Director: Guo Yubo

Actors: Huang Qi Lin'erLiao ChongruLiu MingLu HaoLu ShunLu YingWang DehuaZhao Jinxia

Genres: Action, Drama, War

4.25/ 5 1 votes
Movie plot

An Arrow Through the Heart: မြို့တော်မှာ နေတဲ့ယန်မိသားစုတစ်စုကတစ်နေ့မှာတော့ လုပ်ကြံသူတွေ
သတ်ဖြတ်တာခံလိုက်ရပေမဲ့ သားဖြစ်သူယန်ဟိုင်ကိုလွတ်မြောက်အောင်
ကာကွယ်ပေးခဲ့တာပေါ့။ဒီလိုနဲ့ ယန်ဟိုင်တစ်ယောက်ယန်ရှီပါးရှိတဲ့နေရာဆီ
သွားရှာခဲ့တယ်။ယန်ရှီပါးက ရှောင်ဟိုင်အဖေဆီကနေကြားနေကျမြှားပစ်တဲ့နေရာမှာ
ဆရာတစ်ဆူလိုထူးချွန်တဲ့ နတ်လေးသမားပေါ့။ဒါပေမဲ့ရှောင်ဟိုင်လာတဲ့ အချိန်နောက်ကျသွားပြီး
ယန်ရှီပါးတစ်ယောက်ဟာလွန်ခဲ့တဲ့ (၂) နှစ်လောက်တည်းက
ဆုံးပါးသွားခဲ့တယ်။သမီးဖြစ်သူ ယန်ရှောင်ဖျင်ကတော့
မျက်မမြင်ဖြစ်ပေမဲ့လေးအတတ်ကိုအဖေအမွေဆက်ခံသူပီပီ ထူ
းချွန်ပြောင်မြောက်လှတယ်။သူနဲ့အတူနေတဲ့ ရှောင်ပုကတော့
စစ်မြေပြင်ကနေကောက်ယူလာတဲ့ မိဘမဲ့ဖြစ်ပြီးရှောင်ဟိုင်က သေဆုံးသွားတဲ့မိဘတွေကို
လက်စားချေဖို့ ရှောင်ဖျင်ဆီကနေလေးအတတ်ကိုသင်ယူခဲ့တယ်။
ဒီလိုနဲ့ ၃ ယောက်သားအေးအေးချမ်းချမ်းဖြတ်သန်းနေကြတဲ့
ချင်းဆွေရွာမှာတစ်နေ့တော့ ပင်လယ်ဓါးပြတွေ
တိုက်ခိုက်တာခံရပါတော့တယ်။ အကြောင်းရင်းကတော့
ဝေါတိုင်းပြည်ဓါးပြခေါင်းဆောင်ရဲ့သမီးဖြစ်သူနဲ့ရှောင်ဟိုင်တို့တွေ့ပြီး
သမီးဖြစ်သူကမြင်မြင်ချင်းချင်းမှာတင်ရှောင်ဟိုင်ကို
ချစ်မိသွားရာ သူနေထိုင်တဲ့ချင်းဆွေရွာကိုသွားပြီး
ရှောင်ဟိုင်ကိုဖမ်းခေါ်ပြီး သူ့ဘေးနားမှာ
ထားဖို့ကြံစည်ပါတော့တယ်။ ဓါးပြခေါင်းဆောင်သမီးဖြစ်သူကလည်း နှလုံးရောဂါကြောင့်
တစ်နှစ်ပဲအသက်ရှင်တော့ရတယ်ဆိုပေမဲ့
မတူညီတဲ့အင်္ဂါနဲ့ဖွဲ့စည်းထားတဲ့နှလုံးကိုစားပါက
ရောဂါပျောက်နိုင်တယ်လို့သမားတော်ကပြောခဲ့တဲ့အပေါ် ရှောင်ဖျင်ကိုမြင်မြင်ချင်းချင်း
မတူညီတဲ့အင်္ဂါနဲ့ဖွဲ့စည်းထားတဲ့ နှလုံးကိုယူဖို့ကြိုးစားပါတော့တယ်။ဒီလိုနဲ့ ပင်လယ်ဓါးပြတစ်ဖွဲ့လုံးချင်းဆွေရွာက
ရွာသားတွေကိုဖမ်းဆီးသတ်ဖြတ်ထားတာကို
ရှောင်ဟိုင်ပြန်လာတဲ့အချိန်တွေ့သွားတဲ့အခါ
ရှောင်ဖျင်ကိုကယ်ဖို့ လိုက်ရှာရင်းဘာတွေဆက်ဖြစ်ကြမလဲ။
လေးအတတ်အင်မတန်တတ်ကျွမ်းလှတဲ့မျက်မမြင်ရှောင်ဖျင်တစ်ယောက်
ဘယ်လိုတွေအရည်အချင်းတွေများဖုံးကွယ်ထားသေးလဲစတာတွေကို
ဒီဇာတ်လမ်းလေးထဲမှာ ဖော်ပြသွားတာမို့လို့ဒီဇာတ်လမ်းလေးကို ကြည့်ရူလိုက်ရအောင်

Show more...