A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

American Dreamer: GoT ထဲက အကျော်အမော် တိုင်ရီယွန်လန်နစ်စတာသရုပ်ဆောင်
Peter Dinklageရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုကိုထပ်မံမြင်တွေ့ရမယ့်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းလေးကလည်း ရိုးရှင်းရှင်းလေးကိုမှ
cinematography တွေလည်းလှ ကြည့်ရင်းကြည့်ရင်းစီးမျှောခံစားလို့ကောင်းဦးမှာပါပဲ။ဇာတ်လမ်းအကျဥ်းကိုပြောပြရရင် ဖီးလစ်ဟာ စီးပွားရေးပညာ၊ဘောဂဗေဒကို သင်ကြားပေးတဲ့ ပရော်ဖက်ဆာတစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ ကြွယ်ဝချမ်းသာမှုကတော့ ထင်သလောက်မကောင်းရှာပါဘူး။တက္ကသိုလ်မှာ ပရော်ဖက်ဆာတစ်ယောက်ဖြစ်နေပေမယ့်အိမ်လေးတစ်လုံးဝယ်နိုင်ဖို့တောင် အနိုင်အနိုင်စုဆောင်းနေရတဲ့ဘဝ၊ စိတ်ကူးယဥ်နေရတဲ့ဘဝပေါ့။သို့ပေမယ့် ဖီးလစ်ဟာ အိပ်မက်ဆိုတာ တကယ်ဖြစ်လာနိုင်ကြောင်းယုံကြည်သူ၊ ဇွဲမလျှော့သူပါ။သူလိုချင်တဲ့အိမ်လေးကိုလည်းရကိုရရမယ်ဆိုတဲ့စိတ်ကူးလည်းအပြည့်ပေါ့။ကံကောင်းချင်တော့ သူ့အိပ်မက်ထဲက အိမ်လေးတစ်လုံးစျေးချိုချိုနဲ့သွားတွေ့ပါတယ်…ဒါကြောင့် ရှိသမျှစုဆောင်းငွေတွေအကုန်ထုတ်၊ပစ္စည်းတွေကားတွေ အကုန်ထုခွဲရောင်းချပြီး ဒီအိမ်လေးကိုဝယ်လိုက်ပါတော့တယ်။ဝယ်ပြီးခါကျမှ အိမ်ပိုင်ရှင်ရဲ့ အရှုပ်အရှင်းတွေပေါ်လာပြီးတစ်သက်လုံး စုဆောင်းလာသမျှ အကုန်ဆုံးမယ့်ကိန်းကိုဆိုက်လာပါလေရော။ဖီးလစ်တစ်ယောက် ဖွတ်မရ ဓါးမ ဆုံးဖြစ်မယ့်အရေးကနေဘယ်လိုရှင်သန်နေထိုင်သွားမလဲဆိုတာကို comedyလေးတွေနဲ့ကြည်ကြည်နူးနူးကြည့်လို့ကောင်းမယ့်ကားလေးဖြစ်ပါတယ်။

Show more...