A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
A Summer at Grandpa’s Trailer
Watch

A Summer at Grandpa’s

Dong dong de jiàqi

93 min

Country: Taiwan

Director: Hsiao-Hsien Hou

Actors: Cheng-Kuo YenChi-Kuang WangEdward YangHsiu-Ling LinLi-Yin YangMei-FengNai-Chu TingShu-Chen Li

Genres: Drama, Family

0/ 5 0 votes
Movie plot

A Summer at Grandpa’s : ထိုင်ဝမ်ပထမနယူးဝေ့ရဲ့ အထင်ရှားဆုံးဒါရိုက်တာတွေထဲကတစ်ယောက်ဖြစ်သလို ကမ္ဘာ့ရုပ်ရှင်လောကရဲ့ အထင်ကရတွေထဲကတစ်ယောက်ဖြစ်တဲ့ Hou Hsiao-hsienဟာ ဟောင်ကောင်နယူးဝေ့
စကတည်းက နောက်ဆုံး ဖီးချားဖလင် ၁၈ကားရိုက်ခဲ့ပြီးA Summer at Grandpa’s (1984)ကတော့ ထိုင်ဝမ်နယူးဝေ့ရဲ့ကနဦးပိုင်းကားတွေထဲက တစ်ကားပါပဲ။ ထိုင်ဝမ်နယူးဝေ့ မစခင်မှာ ထိုင်ဝမ်မှာကင်းဟူရဲ့ သိုင်းကားတွေလို သိုင်းကားတွေ,မယ်လိုဒရာမာတွေ ခေတ်စားခဲ့ပေမဲ့ ထိုင်ဝမ်နယူးဝေ့မှာတော့ထိုင်ဝမ်ရုပ်ရှင်ဟာ ထိုင်ဝမ်နေဘဝတွေကိုလက်တွေ့ကျကျပုံဖော်ထားတဲ့ ရုပ်ရှင်တွေ အရိုက်များလာခဲ့တယ်။ A Brighter Summer Day တို့ Taipei Storyတို့A City of Sadness တို့ In Our Timeတို့ Growing Upတို့ဟာာဒီနယူးဝေ့ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ကြတယ်။Hou Hsiao-hsienဟာ ထိုင်ဝမ်နယူးဝေ့မစခင်မှာဟာသကားသုံးကား ရိုက်ခဲ့ဖူးပြီး အတ်ဒဝတ်ယန်းတို့ကIn Our Time နဲ့ ထိုင်ဝမ်နယူးဝေ့ကို စဖောက်ပြီးတဲ့နောက်မှာThe Boys from Fengkuei (1983)ကို စရိုက်ခဲ့တယ်။ he Boys from Fengkuei က သူ့ရဲ့ပထမဆုံး Art House ရုပ်ရှင်ဖြစ်ခဲ့သလိုထိုင်ဝမ်နယူးဝေ့ရဲ့ ကနဦးအကျဆုံးကားလည်း ဟုတ်ခဲ့တယ်။ဒီနောက်မှာတော့ သူက A Summer at Grandpa’s (1984)နဲ့A Time to Live, A Time to Die (1985)ကို ဆက်ရိုက်ခဲ့တယ်။ ဒီနှစ်ကားအပြီး တစ်ကားထပ်ရိုက်ပြီးမှDaughter of the Nile (1987)ကို ဆက်ရိုက်ခဲ့တယ်။ဒီသုံးကားကို ဟောင်ရဲ့ The “Coming of Age” Trilogyလို့ ခေါ်ကြတယ်။A Summer at Grandpa’s ( 1984 )ကတော့ “Coming of Age” Trilogyရဲ့ ပထမကားပါပဲ။ ထိုင်ဝမ်နယူးဝေ့မှာ ထိုင်ဝမ်ဒါရိုက်တာတွေဟာထိုင်ဝမ်နေပြည်သူတွေရဲ့ ဘဝကို ထဲထဲဝင်ဝင် စာစာနာနာနဲ့လက်တွေ့အကျဆုံး ပုံဖော်လာကြသလို Houရဲ့ A Summer at Grandpa’s ( 1984 )
ဟာ သူ့ရဲ့ ပထမဆုံးထိုင်ဝမ်နယူးဝေ့ရုပ်ရှင်ဖြစ်တာနဲ့အညီပဲအဲဒီကာလရဲ့ ထိုင်ဝမ်နေ ဘဝတွေကို လက်တွေ့ကျကျပုံဖော်ပြထားတယ်။ ဇာတ်ကတော့ ကောင်လေးရယ် သူ့ညီမလေးရယ်နွေရာသီကျောင်းပိတ်ရက်မှာ အဘိုးအိမ်မှာ သွားနေရတဲ့အချိန်ကာလတွေကို ရိုက်ပြထားတယ်။အမေနေမကောင်းလို့ မလွှဲရှောင်သာ ရွာမှာ သွားနေနေရတဲ့ထိုင်ဝမ်မြို့ကြီးက ကလေးတွေစိတ်ထဲ ရွာက သက်ရှိသက်မဲ့ဒြပ်ရှိဒြပ်မဲ့အရာတွေ တွယ်ငြိလာပုံကိုပြထားတယ်။ နောက် ကလေးရဲ့ ဦးလေးကနေတစ်ဆင့် အဲဒီခေတ်ထိုင်ဝမ်လူငယ်တွေနဲ့ လူကြီးတွေကြားက ပဋိပက္ခတွေ လူကြီးတွေရဲ့အမြင်တွေ လူငယ်တွေရဲ့ဖြတ်သန်းမှုတွေကိုလည်း ဆင့်ကဲပြထားသေးတယ်။ဒါပေမဲ့ ဒီဇာတ်လမ်းရဲ့အများစုကို ကျွန်တော်တို့က ကလေးတစ်ယောက်ရဲ့နေရာကနေပဲ မြင်ရလိမ့်မယ်။ သူ့အဘိုးက သူ့ဦးလေးကို ပြောတဲ့တစ်ချို့အရာတွေ, သူ့အဘိုးရဲ့ တစ်ချို့လုပ်ရပ်တွေကိုသူနားမလည်ပုံတွေကိုလည်း မြင်ရလိမ့်မယ်။ ပြောရရင် A Summer at Grandpa’sဟာ ကလေးတစ်ယောက်ရဲ့မျက်လုံးထဲကနေ ထိုင်ဝမ်ဘဝတွေကို မြင်ရအောင် တင်ဆက်သွားတဲ့ ရုပ်ရှင်ပါပဲ။Flowers of Taipei Taiwan New Cinema ဒိုကူမန်ထရီထဲဟောင်က ” နယူးစီနီမာဆိုတာ ဘာများလဲ။ဘာအသစ်မှမရှိတော့တဲ့အထိ ဟိုးကတည်းက ပုံစံမျိုးစုံနဲ့ ရိုက်ခဲ့ကြဖူးပြီးသားပဲ။အရေးအကြီးဆုံးက အကြောင်းအရာပဲ။ ကိုယ့်မျက်မှောင်ခေတ်ကအကြောင်းအရာတွေပေါ့”လို့ ပြောဖူးတယ်။ ဟောင်ဟာ ထိုင်ဝမ်နယူးဝေ့ရဲ့ ဦးဆောင်သူတွေထဲ ပါခဲ့ပေမဲ့လည်းဘာအသစ်မှမရှိဘူးလို့ ခံယူထားခဲ့ပုံပါပဲ။ဟောင် သူ့မျက်မှောက်ခေတ်ကိုပဲ သူတင်ပြခဲ့ပုံပါပဲ။A Summer at Grandpa’sဟာ ဟောင်အနေနဲ့ သူ့မျက်မှောက်ခေတ်ကိုသူပထမဦးဆုံး စတင်ပြဖြစ်ခဲ့တဲ့ ရုပ်ရှင်လို့ ပြောလည်း မမှားပါဘူး။

Show more...