Kang Mak (2024)
****************
Pee Mak ကို remake ပြန်ရိုက်ထားတဲ့ Pee Mak အင်ဒိုနီးရှားဗာရှင်း Kang Mak ကတော့ ထွက်ရှိလို့လာခဲ့ပါပြီ…
အင်ဒိုဗားရှင်းမှာရော ဘယ်လိုအခွီတွေနဲ့ ဘယ်လိုတွေ တင်ဆက်သွားဦးမှာလဲဆိုတာကို ရှုစားကြပါဦး…ဇာတ်လမ်းအကျဉ်း
————-ကိုယ်ဝန်ကြီးနဲ့ မိန်းမကို ထားခဲ့ပြီးတော့ တိုင်းပြည်အတွက် စစ်တိုက်ဖို့ ထွက်လာခဲ့ရတဲ့ မက်မူရ်…
ကိုယ်ဝန်ကြီးနဲ့ အိမ်မှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ ဆာရီ…သူတို့နှစ်ယောက်ဟာ အရမ်းကိုချစ်ကြပြီး…ဒီလို ခွဲခွာနေရပေမယ့် စစ်ထွက်တိုက်နေရတဲ့ ယောက်ျားလုပ်သူကလည်းမိန်းမဆီကို အမြန်ပြန်လာချင်…အိမ်ကမိန်းမကလည်း နေ့တိုင်း ယောက်ျားပြန်လာမှာကို အမြဲ မျှော်နေတဲ့သူပေါ့။ ဒီလိုနဲ့နေလာရင်း…မိန်းမဖြစ်သူဟာ ကိုယ်ဝန်အရင့်အမာကြီးနဲ့ ဆုံးသွားခဲ့ရပါတော့တယ်။ ယောက်ျားဖြစ်သူကို ချစ်လွန်းအားကြီးပြီး…မကျွတ်မလွတ်ဘဝနဲ့ ယောက်ျားပြန်အလာကို စောင့်နေပြီးတော့ သူတို့ရွာမှာတော့ စေတန်ဆာရီဆိုရင်ကို…နာမည်ကြားတာနဲ့ ကြောက်နေကြပြီး ညနေဆို နေမဝင်ခင်မှာတင်ပဲ အကုန် တံခါးပိတ်ပြီး အပြင်မထွက်ရဲလောက်အောင်ထိ…ဖြစ်နေပါတယ်။ ဒီလိုနဲ့ ရက်တွေကြာလာတော့ စစ်ပွဲကြီးလည်း ပြီးဆုံးကာ ယောက်ျားဖြစ်သူ မက်မူရ်တစ်ယောက်…မိန်းမဆီကို သူ့ရဲ့ ရဲဘော်ရဲဘက်တွေနဲ့အတူတူ ပြန်လာခဲ့ပါတော့တယ်… ဘဝခြားနေကြပြီဖြစ်တဲ့ သူတို့နှစ်ယောက် …ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးပါဦး။ဇာတ်လမ်းအညွှန်းကို Char Ou မှ ရေးသားပေးထားပါတယ်
Makmur is an Indonesian soldier who has to leave his wife, Sari, who is heavily pregnant, to go to war somewhere, defending the integrity of the Republic of Indonesia. Makmur fought together with other soldiers, Supra, Fajrul, Jaka, and Solah. His strong desire to meet Sari again made Makmur and his friends survive the battlefield. They promised to be friends for life and death. When he returned home, Makmur reunited with Sari who had given birth to their child, Cipluk. Makmur’s friends were also happy and a little jealous, seeing Makmur’s affection for his extraordinary beautiful wife. However, the situation became uncomfortable when there were rumors that Sari had actually died. Sari, who lives with them, is a wandering spirit.