အဖွဲ့ ဝင်ပါ။ Telegram HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Nanban Oruvan Vandhaa Piragu Trailer
Watch
Movie plot

Nanban Oruvan Vandhaa Piragu: ဘဝမှာ အိပ်မက်နောက်လိုက်ရင်း နေရာတစ်ခုရရောက်ပြီဆို
ပြန်သတိရတတ်တာကတော့ ကျွန်တော်တို့ရဲ့ဇာတိမြေ၊
အဲဒီနေရာမှာရှိခဲ့တဲ့ ငယ်ဘဝနဲ့ ငယ်ဘဝမှာ မဖြစ်မနေပါကိုပါတဲ့
ဆိုးဖော်ဆိုးဖက် ငယ်ပေါင်းမိတ်ဆွေတွေပါပဲ။အခုဒီရုပ်ရှင်လေးထဲမှာလည်း အာနန်တစ်ယောက် သူ့ရဲ့ဇာတိကိုပြန်ဖို့
လေယာဉ်စီးရင်း လေယာဉ်ပေါ်မှာ ဦးလေးတစ်ယောက်နဲ့
စကားလက်ဆုံကျရာကစလို့ ငယ်ဘဝရဲ့ အမှတ်တရတွေကို
ပြန်ပြောတာလေးနဲ့ အစပျိုးထားပါတယ်။ဘဝမှာ အောင်မြင်မှုတစ်ခုတော့ ရထားပြီဖြစ်ပေမဲ့ ပျော်ရွှင်မှုတွေ နွေးထွေးမှုတွေ
လစ်လပ်နေတဲ့အာနန်တစ်ယောက် ငယ်ဘဝရဲ့ အမှတ်တရ ၈ ခုအကြောင်းကို
ဇာတ်ကြောင်းပြန်ပြောပြရင်း သူ့လက်ရှိဘဝမှာ သူပျော်နေရဲ့လား။
ပျော်ရွှင်မှုဆိုတာဘာလဲဆိုတဲ့ မေးခွန်းတွေရဲ့အဖြေကိုတွေ့သွားမလားဆိုတာ ရှုစားရမှာပါ။
အခုလက်ရှိမှာ အကြောင်းအမျိုးမျိုးကြောင့် မိသားစု မိတ်ဆွေတွေနဲ့ ကွဲကွာနေကြသူတွေများရှိခဲ့ရင်လည်း
ငယ်ဘဝကို ပြန်အမှတ်ရစေမယ့် ဇာတ်လမ်းကောင်းလေးဖြစ်လို့ ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

Show more...