A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Seoulmeyt: ကေဒရာမာတွေ ကေပေါ့တွေကို အားပေးကြတဲ့ ဖိလစ်ပိုင်လူမျိုးတွေရဲ့အချစ်ကိုအခြေခံထားပြီး ရိုက်ကူးထားတဲ့ ချိုချိုမြိန်မြိန် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကိုChannel Myanmar မှ တင်ဆက်ပေးလိုက်ပါတယ်နော်။
ဇာတ်လမ်းအညွှန်း-အရာအားလုံးဟာ Lunie လိုခေါ်တဲ့ ကောင်မလေး နေထိုင်တဲ့ ပင်လယ်ကမ်းရိုးတန်းဒေသလေးကို မုန်တိုင်းတိုက်ခတ်ရာကနေ စတင်ပါတယ်။မုန်တိုင်းကြောင့် လူတွေရော အိုးအိမ်တွေရော အရာအားလုံးပျက်ဆီးသွားတဲ့ပင်လယ်ကမ်းရိုးတန်းဒေသလေးကို ကိုရီးယားအပါအဝင် အခြားနိုင်ငံခြားကုမ္ပဏီတွေကဝင်ရောက်ပြီး လုပ်ငန်းအသစ်တွေ ထူထောင်ဖို့ ငြင်းမရလောက်အောင် ကောင်းမွန်တဲ့ကမ်းလှမ်းချက်တွေပေးလာတဲ့အခါမှာ မြို့နေထိုင်သူတွေရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ Lunie နဲ့ကိုရီးယားကုမ္ပဏီရဲ့ ကိုယ်စားပြုအဖြစ်ရောက်လာမဲ့ ကိုရီးယားကုမ္ပဏီရဲ့ ဆက်ခံသူတို့ရဲ့ ဇာတ်လမ်းလေးနဲ့အရာအားလုံးကိုဆုံးရှုံးလိုက်ရတဲ့အခြေအနေမှာ ကေပေါ့တွေ ကေဒရာမာတွေအပေါ်စိတ်ရင်းနဲ့ ချစ်ကြတဲ့ ဖိလစ်ပိုင်လူမျိုးတွေအတွက် မျှော်လင့်ထားစရာကြီးဖြစ်နေတဲ့ကိုရီးယားလူမျိုးတစ်ယောက် သူတို့ဆီကို ရောက်လာမယ်ဆိုတဲ့သတင်း…။ဒါပေမဲ့ တကယ်တမ်း ရောက်လာတဲ့သူက ကိုရီးယားလူမျိုးအစစ်တစ်ယောက်မဟုတ်တဲ့အခါမှာတော့ သူ့ရဲ့ သရုပ်မှန်ကဘာလဲ…။သူနဲ့ Lunie နဲ့ရော ဘယ်လိုဆက်ဖြစ်သွားကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ဟာသလေးတွေပါရောနှောပြီး ကြည့်ရှုရမဲ့ ဖိလစ်ပိုင် အချစ်ကားချိုချိုလေးပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို Yati Naing မှ ရေးသားပေးထားပါတယ်။)

Show more...