A-Z list
အဖွဲ့ ဝင်ပါ။ Telegram And Like Fanpage HOT ရုပ်ရှင်များကို အပ်ဒိတ်လုပ်ပြီး အမြန်ဆုံးပံ့ပိုးမှုရယူပါ။
Movie plot

Population Purge: ဒီနှစ်​မှ​ထွက်​ရှိထားတဲ့ Action/Thriller ဇာတ်ကား​ဖြစ်​ပါတယ်။ Brian Johnson ဆိုသူ​က ဒါရိုက်တာ​အဖြစ်​ ရိုက်ကူး​ထား​ပါတယ်။ Post Apocalyptic ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး စတန့်သမားတစ်ဦးဖြစ်တဲ့ Lamar Wilson က အဓိက​ဇာတ်​ကောင်​အဖြစ်​ သရုပ်ဆောင်​ထား​ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ လူဦးရေ​ထိန်းချုပ်​ဖို့ဆိုတဲ့ အကြောင်း​ပြချက်​နဲ့ အစိုးရ​က လူသန်းပေါင်းများစွာကို အဆိပ်​ခတ်​သုတ်သင်​ခဲ့ပါတယ်။ ရှားပါး​အေဘီ ပေါ့စတစ်သွေးပိုင်ရှင်တွေပဲ အသက်​ချမ်း​သာ​ရခဲ့ပါတယ်။ အသက်​ရှင်​ကျန်​ခဲ့တဲ့ မြေး​အဘိုး​နှစ်​ဦး​ဟာ​ အေဘီ​ပေါ့စတစ် သွေးပိုင်ရှင်တွေဖြစ်ပြီး အပန်းဖြေ​ဥယျာဉ်တစ်ခုမှာ ပုန်း​အောင်း​နေပါတယ်။ သူတို့​မြေးအဘိုးနှစ်ဦးကို သွေးမှောင်ခိုသမားတွေနဲ့ အစိုး​အရာရှိတစ်ဦးက အမဲလိုက်သလို ရှာဖွေ​သုတ်​သင်​ဖို့​ကြိုးစား​ရကနေ မြေး​အဘိုး​နှစ်ဦး​လည်း​ အသက်​ရှင်​ကျန်​ရစ်​ဖို့​ ခုခံ​ကာကွယ်ရပါတော့တယ်။Low Badget ဇာတ်​ကား​ဖြစ်​တာကြောင့်​ အများကြီး​ မမျှော်လင့်ထားမှ အဆင်​ပြေပါလိမ့်မယ်။ ဒါရိုက်တာ​ရဲ့ ပထမဆုံး​ဇာတ်ကား​ဖြစ်​ပြီး အက်​ရှင်​ပြကွက်တွေကို ခပ်စိပ်စိပ်တွေ့ရတဲ့အတွက် Thriller ​ထက်​ Action​ ဖက်ကို​ အလေး​ကဲထားတယ်လို့မြင်ပါတယ်။

After a government depopulation program poisons the blood of millions, an immune pair of survivors – a crazy old man and his feisty granddaughter – must fight to defend themselves when they are hunted down by vicious blood-draining scalpers and a tyrannical official hellbent on saving his own son.

Show more...