Brilliant God :
ကယ်တင်လမ်းပြတဲ့ တမန်တော်တစ်ယောက်ရဲ့ရှုထောင့်ကနေရိုက်ထားတဲ့ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။
ချစ်သူကိုလက်ထပ်ခွင့်တောင်းဖို့သွားတဲ့ ရှဖုန်းဟာကားတိုက်ခံရပြီးတော့သေဆုံးသွားခဲ့ပေမယ့်
သူ့ရဲ့မပြီးပြတ်သေးတဲ့ကိစ္စတွေကြောင့် လူ့လောကကနေထွက်မသွားနိုင်ပဲဖြစ်နေချိန်မှာ
တမန်တော်တစ်ယောက်ကအခွင့်အရေးပေးခဲ့တာကြောင့် သေမင်းတမန်တော်တစ်ယောက်ဖြစ်လာခဲ့တယ်။ တစ်ဖက်မှာက အသက်ရှင်နေသူတွေအတွက် မျှော်လင့်ချက်ဖြစ်ပြီးတော့
နောက်တစ်ဖက်မှာကတော့ သေဆုံးသွားသူတွေရဲ့အပ်နှင်းခဲ့တဲ့ဆန္ဒဖြစ်တယ်
အဲဒီနှစ်ခုကြားလမ်းပြနေသူဖြစ်တဲ့သူဟာတန်ခိုးကြီးတယ်လို့ ထင်ရပေမယ့်
တကယ်တော့ပူပန်ကြောင့်ကျမှုတွေများပါတယ်။ လူသားတွေရဲ့
အနက်ရှိုင်းဆုံးအဆင့်ဟာာ အသက်ရှင်ခြင်းနဲ့ သေခြင်း ရောယှက်နေတဲ့အချိန်ပဲဖြစ်တယ်။
လူ့ဘ၀ရဲ့အရေးကြီးဆုံးအနှစ်အရသာဖြစ်တဲ့ခံစားတွေကိုပုံဖော်သွားတာဖြစ်ပါတယ်။